{Zawgyi}
စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်မို့ ဒီလိုနေ့တွေ
ဆိုလျှင်ခြံထဲက အလုပ်တွေကို လွန်းညကူလုပ်
ရပါသည်။ခြံစောင့်ဦးစိုးက ရွာခဏပြန်သွား
သည်မို့ တစ်ခြံလုံးက အမှိုက်တွေနဲ့သစ်ရွက်
ကြွေတွေကို လွန်းညတစ်ယောက်ထဲ ရှင်းလင်း
ရတာကြောင့် အတော့်ကိုပင်ပန်းလွန်းလှသည်။သစ်ရွက်ခြောက်တွေကိုသိမ်းရ၊ပန်းပင်တွေကို
ရေလောင်းရ၊မြက်တွေနုတ်ရဖြင့် လက်ဖဝါး
လေးတွေကလဲ အသားပါမာတွေတက်ပြီး
ကြမ်းတမ်းနေလေပြီ။နေရောင်ခြည်ပြင်းပြင်း
၏အောက်တွင် ခပ်ညစ်ညစ်အဝါရောင်ချည်
ကြမ်း လက်ရှည်လေးကို အနည်းငယ်ခေါက်
တင်ထားပြီး ခြံအလုပ်တွေကို မညည်းမညူ
လုပ်နေရှာသော လွန်းညရဲ့ပုံရိပ်ကိုကြည့်ရင်း
ဝရံတာတွင် ရပ်နေသော မင်းသုလွင်က လက်ထဲ
က ဖတ်လက်စစာအုပ်လေးကို ဘေးချကာ
အောက်ထပ်သို့ဆင်းလာခဲ့လေသည်။"ကလျာရယ်...နင့်နဲ့နော် ဘယ်လိုစိတ်ထားနဲ့
အဲ့ဒီကောင်လေးကို အိမ်မှာခေါ်ထားရတာတုန်း""ကလျာလဲ ဘယ်ခေါ်ထားချင်ပါ့မလဲ မမရယ်...
အဓိကက ကိုမိုးပေါ့..၊ကိုမိုးက အဲ့ဒီမိန်းမရဲ့
ကလေးကိုတော်တော့်ကိုချစ်တာ၊မမပဲစဉ်းစား
ကြည့်လေကလျာတို့မှာလဲ သားတစ်ယောက်ရှိ
ပါတယ်၊တရားဝင်သားထက် တိတ်တိတ်ပုန်း
မိန်းမရဲ့သားကို ပိုပြီးချစ်နေတာ..အဲ့တာကိုကလျာကမခံစားနိုင်တာ"ဒေါ်ကလျာက သူမရဲ့အစ်မဝမ်းကွဲတော်စပ်
သူ စိန်ပွဲစားဒေါ်စိုးအား စိတ်ပျက်ညည်းညူ
စွာပြောဆိုနေလေသည်။ဒါကို လှေကားရင်း
တွင်ရပ်နေသော မင်းသုလွင်လဲရှင်းလင်းပြက်
သားစွာကြားလိုက်ရသည်။ထို့ပြင် ချွေးတွေကိုလက်ခုံနှင့်သုတ်ပြီး အိမ်ထဲ
ဝင်လာသော လွန်းညရဲ့ခြေလှမ်းတို့က နားထဲစူး
ခနဲ ဝင်ရောက်လာသော ဒေါ်ကလျာ၏စကားသံ
ကြောင့်ဆက်လက်လှမ်းနိုင်စွမ်းမရှိတော့သလို
ရပ်တန့်သွား၏။လွန်းညရဲ့မျက်လုံးက လှေကားရင်းတွင်ရပ်နေ
သော မင်းသုလွင်ဆီကိုရုတ်တရက် ရောက်သွား
ပြီး ရုတ်ချည်းဖြစ်ပေါ်လာသော ရင်ထဲကသိမ်ငယ်
စိတ်ကြောင့် ခေါင်းလေးကိုငုံ့ချကာ မျက်နှာလေး
ကိုလွှဲလိုက်သည်။မင်းသုလွင်နှင့်သူအကြည့်ချင်း
မဆုံရဲချေ။
STAI LEGGENDO
Storie d'amoreအစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာ ကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောက မှာ လွန်းလောက်ကံကောင်းတဲ့သူရှိတော့မှာမဟုတ်ဘူး။ အစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောကမှာ လွန်းလောက်ကံကောင်း...