အခန်း-၃(သနပ်ခါးရနံ့ပြယ်ခွင့်ရချင်သေးတယ်)
1.4K 136 16
{Zawgyi}
ပြတင်ပေါက်လေးကိုမျက်နှာချင်းဆိုင်ကာ
စာကြည့်မီးအိမ်လေးအောက်တွင် မျက်မှန်
ကိုင်းပါးလေးကိုတပ်ကာ စာလုပ်နေသော
အမောင်။မနက်ဖြန်က ကျောင်းဖွင့်ရက်မို့
စာတွေကိုပြန်နွှေးကျက်နေမိသည်။အတန်း
ကြီးလာတာနဲ့အမျှစာတွေကလဲ ပိုပြီးများ
လာကာ ကျတ်မှတ်ရတာတွေကလဲ နည်းနည်း
နောနောမဟုတ်တော့ချေ။သို့သော် စိတ်ဝင်
စားသော ဘာသာရပ်တစ်ခုဖြစ်ပြီး ငယ်ငယ်
ထဲက ဝါသနာပါသောအလုပ်တစ်ခုဖြစ်ခဲ့တာ
ကြောင့် ဆေးကျောင်းတတ်ပြီးစာလုပ်ရတာ
ကိုက အမောင်အတွက်သိပ်ကိုပျော်ရွှင်စရာ
ကောင်းလွန်းနေသလိုပင်။
ဆေးကျောင်းပြီးလို့ဆရာဝန်ဖြစ်လျှင်မပြည့်စုံ
သော ဒေသတွေကိုသွားပြီး ဆေးကုပေးချင်
မိတာက အမောင်ငယ်ငယ်ထဲကထားရှိခဲ့သော
ဆန္ဒတစ်ခု။ပြည့်တဲ့အိုးကိုဖြည့်နေတာထက်စာ
ရင် မပြည့်စုံသေးတဲ့အရာကိုဖြည့်စွက်တာက
မှ ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ထင်မြင်မိပါသည်။
မိခင်ဖြစ်သူဒေါ်သက်ဝေ လာချပေးသွားသော
နွာနို့ပူပူလေးကိုတစ်ငုံသောက်လိုက်ပြီး မျက်လုံး
လေးကို ခဏပိတ်ကာ ဦးနှောက်ကိုအနားပေး
မိလိုက်သည်။စာထိုင်ကျက်နေတာလဲအတော့်
ကိုကြာနေပြီမို့ ခြေဆန့်လက်ဆန့်လှုပ်ရှားရန်
စားပွဲခုံကနေ ခတ္တထ,လိုက်လေသည်။
"တီ....တီ....."
မွေ့ရာပေါ်တွင်တင်ထားသော အနက်ရောင်
ဖုန်းလေးက တုန်ခါမြည်လာတာကြောင့်ဖုန်း
လေးကိုဆွဲယူလိုက်ပြီး ကိုင်လိုက်လေသည်။
"ဟဲလို...အမောင်လား...၊စာကျက်နေလို့
အနှောင့်အယှက်ဖြစ်သွားရင် sorry နော်"
"ရပါတယ်...လှိုင် ရယ်၊အချင်းချင်းတွေပဲဟာ
ဘာဖြစ်လို့လဲ ငါဘာကူညီပေးရမလဲ"
"ငါမနက်ဖြန်ကျောင်းမတက်ဖြစ်ဘူး၊ငါ့အဘွား
နေမကောင်းဖြစ်နေလို့..... အဲ့တာမာမီနဲ့ခဏ
ပြင်ဦးလွင်လိုက်သွားပြီး အဘွားအခြေအနေ
ကိုသွားကြည့်မလို့"
နူးညံ့သိမ်မွေ့စွာခပ်ဖြည်းဖြည်းချင်းပြောနေ
သောစကားသံတို့က လေလှိုင်းကနေ တစ်ဆင့်
နားထဲသို့တိုးဝင်လာခဲ့၏။