အခန်း-၁၆{ပြန်လည်တွေ့ဆုံခြင်း}
889 83 7
{Zawgyi}
"လွင်..."
လွန်းည နှုတ်ဖျားမှ တီးတိုးရေရွတ်လိုက်ပြီး
အံ့သြဝမ်းသာစွာပင်ငေးကြည့်နေမိ၏။ လွင်
၏ သွင်ပြင်သည် အတော့်ကိုပြောင်းလဲကာ
လူကြီးတစ်ယောက်အသွင်ကို ပင်ဆောင်နေ
လေသည်။ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော်
လည်း အမြဲအမှတ်ရနေခဲ့သည်မို လွင့် ကို
တွေ့လိုက်ရချိန်တွင် ပျော်ရွှင်မှုတို့က အတိုင်း
အဆမဲ့နေလေတော့သည်။
"ရှင်လွန်းည....မင်း လွန်း မဟုတ်လား"
လွန်းည ပြုံးလျက်ပင် ခေါင်းညိမ့်ပြလိုက်မိသည်။
"နှစ်ယောက်သားက သိနေကြတာလား"
"ဟုတ်ကဲ့ဗျ..တကယ်တော့ လွန်းညနဲ့ ကျွန်တော်
က ဖအေတူအမေကွဲ ညီအစ်ကိုတွေပါ"
"ဪ...ဒါဆို သိပ်ကိုအဆင်ပြေသွားတာပေါ့။
ဟိုရောက်ရင် အနည်းငယ်ခက်ခဲမှာတော့ မှန်ပေ
မဲ့ ညီအစ်ကိုနှစ်ယောက်သွားရမှာမို့ အဆင်တော့
ပြေကြမှာပါ"
"တစ်ခါမှမရောက်ဖူးတဲ့ ဒေသမလို့အသားကျ
အောင်တော့ အတော်လေးကို ကြိုးစားရမယ်
ထင်တယ်နော်"
ဦးမာန်သွေးက မျက်မှန်ကိုင်းလေးကို တစ်ချက်
ပင့်တင်ကာ လွင်နှင့် လွန်းည မျက်နှာကိုတစ်လှ
ည့်စီကြည့်ရင်း......၊
" လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူသူ
အရောက်အပေါက်နည်းပြီး သီးသန့်လိုဖြစ်နေ
တဲ့ ရွာဆိုပေမဲ့ အဲ့ဒီရွာလေးက သိပ်ကိုအေးချမ်း
သလို၊ ထင်းရှူးပင်တွေ..တောင်ဇလပ်ပန်းတွေ..
ချယ်ရီပန်းတွေနဲ့ သိပ်ကိုလှတာ။ ရာသီဥတုက
တော့ တော်တော်ကို အေးတာဆိုတော့ အနွေး
ထည်တွေများများယူသွားကြပေါ့"
"ဦးမာန်သွေးကော...အဲ့ဒီရွာလေးကို ရောက်
ဖူးလားဟင်"
"အင်း....ဦးလေး ဒီဖောင်ဒေးရှင်းကို စမထောင်
ခင်ချိန်တုန်းက အဲ့ဒီရွာလေးကို ပထမဆုံးရောက်
ဖူးခဲ့တာ။ ရွာလေးမှာ တကယ်ကိုစိတ်ဝင်စား
စရာကောင်းတဲ့ အရာတွေအများကြီးပဲ။ ပြီး
တော့ ရွာသူ၊ ရွာသားတွေကလည်း သိပ်ကို
သဘောကောင်းပြီး ရိုးသားဖြူစင်ကြတာ"
"ဟုတ်ကဲ့...ကျွန်တော်တို့ကို အခုလိုပြောပြတာ
ကျေးဇူးပါနော်။ ကျွန်တော်တို့ မှတ်ထားပါ့မယ်"