အခန်း-၂၁{ အချိုးအကွေ့}
897 51 11
{Zawgyi}
"နွေရိပ်မောင်!!!! "
"မေမေ..!!! "
"အန်တီသက်ဝေ"
ဒေါ်သက်ဝေမျက်နှာသည် မကြာခင်ပေါက်ကွဲ
တော့မည့် ချိန်ကိုက်ဗုံးတစ်လုံးလို နီရဲတင်းမာ
နေ၏။ ဒေါ်သက်ဝေ၏နောက်တွင် ဖခင်ဖြစ်သူ
ဦးစစ်မောင်လည်း ပါလေသည်။ မိဘနှစ်ပါး၏
နောက်တွင် မျက်နှာစိမ်း သန်သန်မာမာ လူနှစ်
ယောက်က ဒေါ်သက်ဝေ၏ ဘေးတွင် ရိုကျိုးစွာ
ပင်ရပ်နေကြ၏။ ထ်ို့ပြင် ရွာလူကြီး အုပ်သဲပါးနှင့်
ထလူလ်း လည်းပါလာလေသည်။
အမောင်သည် လွန်းည ၏လက်ကိုတင်းကြပ်စွာ
ဆုပ်ကိုင်ထားပြီး လွန်းည၏ အရှေ့မှ ကာရပ်
လိုက်သည်။
"နွေရိပ်မောင်..သား မင်းဘာလုပ်နေတာလဲ?
မင်းမရှက်ဘူးလား။ မင်းရဲ့စိတ်က လွန်းည
အပေါ်ကို ညီလေးတစ်ယောက်ထက်မပိုဖူး
လို့ အမေ့ကို မင်းကိုယ်တိုင်ပြောခဲ့တာလေ။
အခုတော့ ဘယ်လိုဖြစ်ရတာလဲ"
အံ့ကြိတ်သံဖြင့် ပြောနေသော မိခင်ဖြစ်သူ၏
စကားများကို နားထောင်ရင်း အမောင်သည်
လွန်းည ၏လက်လေးကိုပိုမိုတင်းကြပ်စွာပင်
မလွှတ်တမ်းဆုပ်ကိုင်လိုက်၏။ ဒီတစ်ခါသာ
သူသတ္တိမရှိလျှင် လွန်းည ၏လက်ကိုနောက်
တစ်ကြိမ် ဆုပ်ကိုင်ခွင့်ရတောမှာ မဟုတ်ချေ။
ဘာအကြောင်းပဲရှိပါစေ ရင်ဆိုင်ဖို့ သူ့ရင်ထဲ
သတ္တိများကအပြည့်။
"ဟုတ်တယ် မေမေ။ တစ်ချိန်က လွန်းလေးကို
ညီလေးတစ်ယောက်ထက်မပိုဘဲ ချစ်ခဲ့တယ်ဆို
ပေမဲ့ အခုချိန်မှာ လွန်းလေးကို သားချစ်သူတစ်
ယောက်လို..မဟုတ်ဘူး! တစ်ဘဝလုံး ချစ်ခင်
မြတ်နိုးသွားမဲ့ အိမ်ထောက်ဖက်တစ်ယောက်လို
ချစ်သွားတာ"
"နွေ..ရိပ်...မောင် !! ငါ့ကိုအရှက်မခွဲနဲ့ အခု
ချက်ချင်း သူ့လက်ကိုလွှတ်ပြီး ဒီကိုပြန်လာ
ခဲ့"
"မလာနိုင်ဘူး မေမေ။ သားဒီတစ်ခါတော့ သား
အလိမ္မာမဖြစ်ချင်တော့ဘူး။ မေမေကကော
ဘာလို့ ဒီကိစ္စကိုဒီလောက်ထိ မုန်းနေရတာလဲ"
"မုန်းတယ်..မင်းကြိုက်တဲ့သူကိုရွေးချယ်လို့ရ
တယ်..ဒါပေမဲ့ မိန်းကလေးပဲ ဖြစ်ရမယ်လို့
မေမေသတိမပေးခဲ့ဘူးလား ။ ဘာလို့..ဘာလို့
သူဖြစ်နေရတာလဲ"