ဇာတ်သိမ်းပိုင်း-{ကြွေလွင့်သွားသော ပွင့်ဖက်ငယ်}
3K 118 40
{Zawgyi}
ဆေးရုံကုတင်ပေါ်တွင် တစ်ယောက်ကိုတစ်
ယောက် တင်းကြပ်စွာပွေ့ဖက်ထားသော လွန်း
ညနှင့် အမောင် ။ နှစ်ဦးစလုံး၏ခန္ဓာကိုယ်ပေါ်
တွင် လူနာဝတ်စုံများနှင့်ဖြစ်ပြီး အမောင့်၏
ရင်ခွင်ထဲတွင် နစ်မြှုပ်အောင် ပွေ့ဖတ်ထားခြင်း
ခံရသော လွန်းည ခန္ဓာကိုယ်လေးသည် ငြိမ်သက်
နေ၏။ သို့သော် သူ့ရင်ခွင်ထဲသို့ တစ်စတစ်စ
တိုးဝှေ့ဝင်နေသော ခေါင်းလုံးလုံးလေးကြောင့်
လွန်းည အိပ်မပျော်သေးမှန်း အမောင် သိသည်။
"အစ်ကို..လွန်း ကိုချော့သိပ်ပါလားဟင်..လွန်း
ငယ်ငယ်တုန်းက အိပ်မက်ဆိုးတွေမက်လို့ လွန်း
လန့်လန့်နိုးလာတိုင်း အစ်ကို သီချင်းဆိုပြီး ချော့
သိပ်သလိုမျိုးချော့သိပ်ပေးပါလားဟင်..လွန်း
လေ အစ်ကိုရဲ့ အသံအေးအေးလေးနဲ့ သီချင်း
ဆိုသံလေးကို သိပ်ကြားချင်တာပဲ ။ အဲ့တာမှ
လွန်း ကောင်းကောင်းအိပ်ပျော်နိုင်မှာ"
ရင်ခွင်ထဲမှ ကောင်လေး၏ စကားသံများ
ကြောင့် အမောင့် ရင်ထဲဆစ်ခနဲဖြစ်သွားရ
သည်။ တကယ်လို့ သူများမရှိတော့တဲ့ နောက်
ပိုင်း အိပ်မပျော်တဲ့အခါတိုင်း ဘယ်သူကများ
ဒီကောင်လေး အိပ်ပျော်အောင်တဲ့အထိ တေးဆို
ချော့သိပ်မှာလဲ?
အင်္ကျိအိတ်ကပ်လေးထဲတွင် အမြဲတမ်းယူ
ဆောင် သွားလေ့ရှိသည့် အသံဖမ်းစက်လေး
ကို အသာပင်ယူလိုက်ကာ ခေါင်းအုံးလေးပေါ်
သို့တင်လိုက်ပြီး အသံသွင်းခလုတ်လေးအား
နှိပ်လိုက်၏။ လွန်းည ၏ ပုခုံးလေးအား ခပ်ဖွဖွ
ဖိပုတ်ပေးရင်း ကြေကွဲသံတို့ကို ဟန်ဆောင်ဖုံး
ကာ မျက်ဝန်းလေးယှက်ပိတ်ရင်း အိပ်ပျော်ရန်
ကြိုးစားနေသော ရင်ခွင်ထဲမှကောင်လေး၏
ဆံပင်ပျော့လေးအား တစ်ချက်နမ်းရှိုက်လိုက်
ကာ.....၊
' အပြင်မှာလောကကြီးတောင် ငိုနေပြီ××ချစ်သူ
အဝေးမှာ ဖြေစရာမရှိ×× တစ်ယောက်ထဲ နေ့ည
များ ကျော်ဖြတ်တော့လည်း ဘယ်သူမှကိုယ့်ဖက်
လှည့်တောင်မကြည့်×××ကိုယ့်ရင်ထဲက အချိန်
တွေဆီ သတိလည်တော့ သူပြန်လာလိမ့်မည်××
အဲ့ဒီလိုနဲ့ အသက်ဆက်ဖြစ်ခဲ့တဲ့×××ကိုယ်လို
တော့ မင်းလေးအနားနားမရှိ~~~~
🎉 Has terminado de leer လွမ်းတေးချည်သောနွေပန်းငယ်{လွမ်းတေးချည်သောနွေပန်းငယ်} {𝐙𝐚𝐰+𝐔𝐧𝐢}{Completed } 🎉