{Zawgyi}
ကားဖြူလေးသည် လမ်းမလေးထက်တွင်အရှိန်
ဖြင့် ပြေးလွှာနေလေသည်။ ကားပေါ်တွင် လွန်း
ညနှင့် အမောင် နှစ်ဦးတည်းသာပါလေသည်။
မန္တလေးလေပြည်သည် တသုန်သုန်တိုက်ခက်
နေလေသည်။ ဝင်လုဆဲဆဲနေရောင်အောက်တွင်
မန္တလေးနန်းတော်ကြီးသည် ခံ့ညားလှပစွာတည်
ရှိနေလေသည်။ ကားဘောင်ပေါ်တွင်လက်လေး
တင်ထားပြီး ဘေးပတ်ဝန်းကျင်ကိုတွေးရီစွာငေး
မောနေသော လွန်းည၏ ဘေးတစ်စောင်းမျက်
နှာကို အမောင် ကားမောင်းနေရင်း တစ်ချက်
တစ်ချက် လှမ်းကြည့်မိသည်။"လွန်းလေးရေ...ကားအနောက်ခန်းမှာလေ လွန်း
အတွက် အစ်ကို လက်ဆောင်ဝယ်လာတယ်သိ
လား"လက်ဆောင် ဟူသော စကားကိုကြားလိုက်ချိန်
တွင် လွန်းည ကိုယ်လေးချက်ချင်းပင်ပြန်လှည့်
လာ၏။ မလှမ်းမကမ်းနေရာတွင်သာတင်ထား
တာမို့ အမောင် ကားမောင်းနေရင်း လက်တစ်
ဖက်ဖြင့် လှမ်းယူလိုက်သည်။"ရော့...လွန်းလေး ဆုရတဲ့အတွက် အစ်ကိုအမှတ်
တရဝယ်ပေးတာ။ လွန်းလေး..ကြိုက်မကြိုက်
တော့ သေချာမသိပေမဲ့ လွန်းလေးနဲ့လိုက်မယ်
ထင်လို့ အစ်ကိုဝယ်လာတာ"လေးတောင့်ဘူး အနီရောင်လေးကို လွန်းည
လက်ထဲသို့ထည့်ပေးလိုက်ပြီး အမောင်ပြော
လိုက်မိသည်။ အမောင်ကမ်းပေးလာသော
လက်ဆောင်ဘူးလေးကို ပေါင်ပေါ်သို့တင်
လိုက်ပြီး အပေါ်အဖုံးလေးအား လက်လေး
နှစ်ဖက်ဖြင့် ဆွဲဖွင့်လိုက်မိသည်။သိုးမွှေးထိုးမာဖလာ အနီရောင်လေးဖြစ်သည်။
မာဖလာလေးကို ဘူးထဲမှ ဆွဲယူလိုက်ပြီး ဖြန့်
ကြည့်လိုက်မိသည်။ နီစွေးစွေးအနီရောင်မာဖ
လာလေးကိုကြည့်ရင်း လွန်းည နှုတ်ခမ်းလေး
တွေကော့ညွှတ်သည်အထိပြုံးမိရပါသည်။"အနီရောင်လေးက လွန်း အကြိုက်ဆုံးအရောင်
ပဲ အစ်ကို။ လွန်း အမြဲတမ်းပတ်ပါ့မယ်""ဟား...ဟား...အမြဲတမ်းပတ်လို့တော့ မဖြစ်ဘူး
နော် လွန်းလေး။ မန္တလေးက နွေရာသီဆိုသိပ်ကို
ပူတာကို""ဟုတ်သားပဲ...ဟီးဟီး လွန်းမေ့သွားတာ။
ဆောင်းတွင်းကျရင်တော့ လွန်းသေချာပတ်ပါ့
မယ်"
KAMU SEDANG MEMBACA
Romansaအစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာ ကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောက မှာ လွန်းလောက်ကံကောင်းတဲ့သူရှိတော့မှာမဟုတ်ဘူး။ အစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောကမှာ လွန်းလောက်ကံကောင်း...