{Zawgyi}
"လွန်း...ရေ အဆင်သင့်ဖြစ်ရင် သွားကြရ
အောင်လေ""ဟုတ်...လာပြီ..အစ်ကို"
လွန်းည အခန်းတံခါးလေးကို ဖွင်လိုက်ချိန်တွင်
ပထမဆုံး ဆုံတွေ့လိုက်ရတာက အခန်းရှေ့တွင်
လွန်းအား ပြုံးပြရင်း ရပ်စောင့်နေသော အမောင့်
အား တွေ့လိုက်ရသည်။လွယ်အိတ်အဖြူလေးကို ပုခုံးထက်တွင် လွယ်
ကာ ခပ်နွမ်းနွမ်းကျောင်းစိမ်းဝတ်စုံကို ဝတ်ဆင်
ထားသော လွန်း အားမြင်လိုက်ရချိန်တွင် အမောင့်
ရင်ထဲမကောင်းသလိုဖြစ်သွားရသည်။ အဖြူရော
င်ဟုဆိုသော်လည်း အင်္ကျိမှာ ဝါညစ်ညစ်အရောင်
ဆီသို့ပင် ကူးပြောင်းနေပြီဖြစ်သည်။ထို့အတူ ကျောင်းစိမ်းပုဆိုးမှာလည်း ရှည်ထွက်
လာသော လွန်းည၏အရပ်ကို မဖုံးနိုင်စွာဖြင့် ခြေ
သလုံးထက်တွင်ပင်လျှင်ရှိနေလေသည်။ဒီအပတ် ကျောင်းပိတ်ရက်ရောက်ရင်တော့
လွန်းအတွက် အဝတ်အစားများ ထွက်ဝယ်ပေး
ရန် အမောင် စိတ်ကူးမိသည်။လွန်းညနှင့် အမောင်တို့ အိမ်အောက်သို့ဆင်းလာ
ခဲ့ပြီး ထမင်းစားခန်းတွင် မနက်စာစားနေကြသော
မိဘနှစ်ဦးအားတွေ့လိုက်ရသည်။"Morning...ဖေဖေ.."
"အေ...Morning ပါသား..."
အမောင် ကျွန်းထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး
သတင်းစာဖတ်ရင်း ကော်ဖီသောက်နေသော
ဖခင်ဖြစ်သူအား လှမ်းနှုတ်ဆက်လိုက်သည်။"လွန်း...ခွက်ပေးလေ..အန်တီသက် ကော်ဖီ
ထည့်ပေးမယ်"အမောင်တို့ မနက်စာစားပွဲဝိုင်းဘေးတွင် ယပ်
တောင်လေးတစ်ချောင်းကိုင်ကာ ရပ်နေသော
အိမ်အကူမငြိမ်းကို မခိုင်းဘဲ ကော်ဖီကရားအား
ကိုယ်တိုင်ယူကာ လွန်းရှေ့ရှိ ခွက်ထဲသို့ ကော်ဖီ
လှမ်းထည့်ပေးနေသော ဒေါ်သက်ဝေကြောင့် ဦး
စစ်မောင်နှင့် အမောင်တို့ မျက်လုံးချင်းစုံသွားကြ
ပြီး အဓိပ္ပာယ်ပါစွာပင်ပြုံးမိကြသည်။"မုန့်လည်း များများစားနော်..အဲ့တာမှ ကျောင်း
ရောက်ရင် အဆာခံမှာ..။ တကယ်လို့ ဒါနဲ့မဝ
ဘူးဆိုရင်လည်း မငြိမ်းကို ထမင်းကြော်ခိုင်း
လိုက်မယ်..လွန်း စားမလား"
YOU ARE READING
Romanceအစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာ ကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောက မှာ လွန်းလောက်ကံကောင်းတဲ့သူရှိတော့မှာမဟုတ်ဘူး။ အစ်ကို့ရဲ့မျတ်နှာလေးကိုတစ်သက်လုံး မြတ်နိုးစွာကြည့်ခွင့်ရမဲ့သူက လွန်းသာ ဖြစ်ခဲ့ရင်၊ဒီလောကမှာ လွန်းလောက်ကံကောင်း...