အခန်း-၄(ကွဲအပ်နေသောအတိတ်ကြေမုံ)
1.1K 115 10
{Zawgyi}
ဆည်းဆာသည် လွမ်းမောဖွယ်ကောင်းအောင်
လှပနေလေသည်။ ကတ္တရာလမ်းမဘေးရှိ ပလက်
ဖောင်းလေး ထက်တွင် လေးပင်စွာ တစ်ကိုယ်
တည်း လျှောက်လမ်းနေသော ဖြူလုံးလုံး ပုံရိပ်
လေးတစ်ခု။ ညနေဆည်းဆာရဲ့နေရောင်ခြည်
သည် လွန်းညရဲ့ကိုယ်ပေါ်သို့ဖြန့်ကျက်နေလေ
သည်။
နှင်းဆီဖြူပွင့်ဖက်လေးလိုဖြူဥနူးညံ့နေသော
အသားအရည်၊ ကြယ်ကလေးနှစ်စင်းသီထား
သလိုလင်းလက်နေသော မျက်ဝန်းတစ်စုံ၊ မည်း
နက်နေသော ဆံပင်ပျော့ပျော့လေးတွေကလည်း
လေနှင်ရာတိုင်း ယိမ်းနွဲ့ကာ ကဗျာဆန်စွာလှပ
နေခဲ့လေသည်။ လွန်းညရဲ့ပုံရိပ်က အသေးစိတ်
ရေးဆွဲထားသော လက်ရာမြောက်ပန်းချီတစ်
ချပ်လို ချောမောခန့်ညားနေလေ၏။
လက်တစ်ဖက်တွင် ထမင်းဘူးလေးကိုကိုင်ကာ
ကျန်သည့်လက်တစ်ဖက်က လွယ်အိတ်လေးကို
ရင်ခွင်ထဲတင်းကြပ်စွာထွေးပိုက်ထားလေသည်။
ခေါင်းလေးကိုငိုက်စိုက်ချကာ ကြမ်းပြင်ကိုသာ
ငေးကြည့်ရင်းလမ်းမကြီးကနေ အိမ်ရှိရာလမ်း
ကလေးသ်ို့ ချိုးဝင်လာခဲ့လေသည်။ ငယ်ငယ်
ထဲက သွားနေကျလမ်းတွေမို့ မျက်စိမှိတ်သွား
ရင်တောင် အိမ်သို့တန်းတန်းမက်မက်ရောက်
အောင်သွားနိုင်ပါသည်။
လူချမ်းသာတွေသာနေထိုင်သော ရပ်ကွက်မို့
ထိုလမ်းလေးထဲသ်ို့ဝင်လိုက်တာနဲ့ ခြံခက်ထား
ပြီး သီးခြားဆောက်လုပ်ထားသော လုံးချင်းအိမ်
လှလှလေးတွေကိုသာတွေ့မြင်နိုင်ပေမည်။
"အ....!! ဘုတ်...!! "
ဘေးဘီပတ်ဝန်းကျင်ကိုမကြည့်ပဲ စိတ်ကိုလွင့်
မျောရင်းသာ လျှောက်လာခဲ့တာမို့ ရုတ်တရက်
လက်မောင်းရင်းကနေ ဆောင့်ဆွဲခံလိုက်ရခြင်း
ကြောင့် လန့်ဖျတ်ပြီး လက်ထဲတွင် ကိုင်ထားတဲ့
လွယ်အိတ်ကော၊ ထမင်းဘူးကော မြေကြီးပေါ်
သို့ ပစ်ဆလက်ခက်ပြုတ်ကျသွားရသည်။
လူရှင်းသည့် လမ်းကြားလေးထဲသို့ ဆွဲခေါ်
သွားပြီး နံရံလေးဆီကိုတွန်းပစ်ခြင်းကိုခံလိုက်
ရသည်။ လွန်းည ကြောက်ကြောက်လန့်လန့်
ဖြင့် ထိုလူရဲ့မျက်နှာကိုမကြည့်ရဲဘဲ လက်လေး
နှစ်ဖက်ကိုသာပိုက်ကာ ခေါင်းလေးကိုငုံ့ထား
လေသည်။