အခန်း-၁၈{မေတ္တာအသွားအပြန်}
940 77 17
{Zawgyi}
မီးရောင်တို့က မှိန်ပျပျ။ ချိုမြမြခေါင်ရည်လေး
တစ်ကျိုက်မော့သောက်လိုက်ချိန်တွင် နားထောင်
ခဲ့ဖူးသော သီချင်စာသားလေးကိုပင် သတိရသွား
ရ၏။
တောင်ပေါ်ခေါင်ရည်ချိုမြမြ××တစ်ကျိုက်
လောက်သောက်ရင် အမောပြေ ဒါဟာလေ×××
ချင်းပြည်ရဲ့ဓလေ့တစ်ခုပါ×××
ဧည့်သည်များ လာရောက်လည်ပတ်လျှင် ချိုမြမြ
ခေါင်ရည်ဖြင့် ဧည့်ခံတတ်သော ဓလေ့လေးသည်
ချင်းပြည်နယ်၏ ချစ်စဖွယ် ဓလေ့လေးတစ်ခုပင်
ဖြစ်သည်။ ရွာလူကြီးဖြစ်သော အုပ်သဲပါး၏ အိမ်
ထဲတွင် ရွာရှိလူများဖြင့်စည်ကားနေ၏။ တစ်ချက်
တစ်ချက် ရယ်သံများက ဝါးခနဲထွက်ပေါ်လာ၏။
မည်မျှကြာအောင် နေရမည်မသိတာမို့ ရွာ၏
ဓလေ့ထုံးထမ်းနှင့် ရွာအကြောင်းကို သိသင့်သည်
ဟု ထင်ပါသည်။ ဒါကြောင့်မို့ ရွာ၏အကြီးအကဲ
ဖြစ်သော အုပ်သဲပါး အား ရွာတွင်နေထိုင်ရာတွင်
အမှားမလုပ်မိစေရန် ဆောင်ရန်၊ ရှောင်တွေကိုမေး
မြန်းမိ၏။
ရွာ၏ဓလေ့ထုံးတမ်းများကို မေးမြန်းရင်းနှင့်ပင်
ရိုင်ဗန်းရွာလေး၏ ဒဏ္ဍန်ရီပုံပြင်လေးတစ်ပုဒ်ကို
လည်း ကြားသိလာခဲ့ရသည်။
ရိုင်ဗန်းရွာလေးသည် ထင်ရှူး၊ တောင်ဇလပ်၊
သစ်ခွ၊ ချယ်ရီပန်းများတို့ဖြင့် လှပလှသော
သီးသန့် ရွာငယ်လေးတစ်ခုဖြစ်သည်။ နွေဦး
ရောက်လျှင် ချယ်ရီပင်များတို့က ရွာလေးတစ်
ခုလုံးကို အဝေးမှကြည့်လျှင် ပန်းရောင်တို့ခြုံ
လွှမ်းထားသည်ဟု ထင်ရလောက်အောင်ကိုပင်
ဝေဝေဆာဆာပွင့်လန်းတတ်၏။
ချာလ်ရီတောင်ကုန်းပေါ်တွင်ပေါက်သော ချယ်ရီ
ပင်လေးသည် နှစ်သက်တမ်းအကြာဆုံးဖြစ်၏။
ချာလ်ရီကုန်းပေါ်ရှိ ချယ်ရီပန်းပင်သည် အရင်ဆုံး
စတင်ဖူးပွင့်လေ့ရှိပြီး နောက်တစ်ရက်တွင် ရွာထဲ
ရှိ ချယ်ရီ ပန်းများကလိုက်၍ ပွင့်တတ်၏။
နွေဦးရာသီ ချယ်ရီပန်းများပွင့်ချိန် ချာလ်ရီ
ကုန်းပေါ်တွင် ချယ်ရီပန်းပွင့်ဖြင့်ပြုလုပ်ထား
သော ချယ်ရီလက်စွပ်လေးဖြင့် ချစ်ခွင့်ပန်လျှင်
နောက်ဘဝကျရင်တောင် အတူတူပေါင်းစပ်ခွင့်
ရနိုင်သတဲ့လေ။ ချစ်သူစုံတွဲတွေအတွက် ဘယ်
လောက်တောင် ကြည်နူးစရာကောင်းသော နေရာ
လေးတစ်ခုပါလဲ။