အခန်း-၁၁{အမှတ်တရနေ့ရက်}
785 82 5
{Zawgyi}
ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုတင်ပင် တင်စား
ခေါ်ဝေါ်ရလောက်အောင်များပြားလှသော ကျော
က်စာချပ်များဖြင့် တည်ရှိနေသည့် ကုသိုလ်တော်
ဘုရား သို့မဟုတ် မဟာလောကမာရဇိန်စေတီ
တော်သည် မန္တလေးတောင်ခြေတွင် ကြည်ညို
သပ္ပာယ်ဖွယ်ကောင်းလောက်အောင်ကိုပင် ဖြူ
လွလွတည်ရှိနေ၏။
လွန်းညနှင့် အမောင်တို့ သည် လက်ချင်းတွဲ
လျက်ပင် ကုသိုလ်တော်ဘုရားပရဝန်းအတွင်း
သို့ ဝင်လာခဲ့ကြမိသည်။ အမောင်တို့ ဝင်လာသည်
နှင့် မျက်နှာတွင် သနပ်ခါးတို့ဖွေးနေအောင်လိမ်း
ထားသော ကလေးငယ်လေးတစ်စုသည် ပန်း
လေးတွေကိုင်ကာ အယုအယက်ပင်ဈေးရောင်း
ကြသည်။
ဝေလည်းမွှေး၊ ကြွေးလည်းမွှေးနေဆဲဖြစ်သည့်
ပန်းခရေများကို နှီးကြိုးလေးများဖြင့် သီတွဲထား
ပြီး နှီးဆန်ကောပြာလေးထဲတွင်ထည့်ကာ ပန်း
ရောင်းနေကြသော ကလေးငယ်များကိုကြည့်
ရင်း အမောင် ကရုနာသက်စိတ်တို့ဖြစ်တည်လာ
ခြင်းကြောင့် ကြာပန်းနှစ်စည်းနှင့် ခရေပန်းသုံးကုံး
ကို ဝယ်ယူလိုက်ပြီးတစ်ယောက်ကို မုန့်ဖိုးတစ်
ထောင် ဆီပေးလိုက်မိသည်။
လွန်းည ကတော့ ခရမ်းနုရောင် ပုသိမ်ထီးလေး
ကိုဆောင်းထားရင်း အမောင့်ဘေးနားကနေကပ်
လိုက်လာ၏။ ပျော်ရွှင်ဝမ်းသာနေသည့် စိတ်အစဉ်
တို့ကြောင့် ခြေလှမ်းတို့က ပေါ့ပါးသွက်လက်နေ
လေ၏။
"အစ်ကိုတို့ ခရေပန်းလေးဝယ်ကြပါအုံးလား"
ဘုရားရင်ပြင်ထဲသို့ အမောင်တို့ဝင်လာခဲ့ပြီး
မကြာ ပန်းရောင်းသည့် ကလေးတစ်ယောက်
အမောင်တို့နားရောက်ရှိလာပြန်သည်။ လက်ထဲ
တွင် ပန်းများဖြင့်ပြည့်နှပ်နေသော်လည်း သနား
တတ်သည့် စိတ်အခံရှိသည့် အမောင်သည် ပန်း
ရောင်းသည့် ကောင်လေးအားသနားကြင်နာစွာ
ဖြင့် မုန့်ဖိုးပေးရန်ကြိုးစားလေသည်။
"အစ်ကို ပန်းတွေဝယ်လာပြီးပြီကော..ဒါပေမဲ့
အစ်ကို ညီလေးကို မုန့်ဖိုးပေးပါ့မယ်နော်"
"ပန်းမဝယ်ဘဲ ဒီတိုင်းပဲ ပိုက်ဆံပေးမယ်ဆို
ရင်တော့ မယူတော့ဘူးဗျ"