အခန်း-၁၃{လွန်ဆန်မရသောစည်း}
745 76 11
{Zawgyi}
တမျှော်တခေါ်အဝေးတစ်နေရာဆီမှ ပင်လုံးကျွတ်
နီနီရဲရဲပွင့်နေကြသော လက်ပံပင်တန်းကြီးကိုလှမ်း
မြင်နေရသည်။ အညာနွေ၏ပူပြင်းမှုအောက်တွင်
နီရဲစွာဖြင့် ပွင့်လန်းနေကြသော လက်ပံပင်တန်း
ကြီးသည် လှပစွာဖြင့်လတပေါင်း၏အလှတရား
ကို အပြီအပြင်ခြယ်မှုန်းဖော်ဆောင်ရန်ကြိုးပမ်း
နေကြသည်။
မြေသားလမ်းမို့ ဖုန်တို့ကတထောင်းထောင်း။
လှည်းဝင်ရိုးသံ တညံညံဖြင့် သွားလာနေကြသော
နွားလှည်းလေးများကို လမ်းဘေးဝဲယာတွင်
အဆက်မပြက်ပင်တွေ့မြင်နေရသည်။
မန္တလေးမြို့အရှေ့တောင်ဘက်ယွန်းယွန်း ၁၄
မိုင်ကျော်အကွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်း
ဘေး ရွှေစာရံရွာတွင်ကိန်းဝပ်တော်မူသောရွှေစာရံ
ဘုရားပွဲသို့ ဘုရားဖူးရင်း လည်ပတ်ရန် အမောင်
တို့တစ်စု ခရီးနှင်လာခဲ့ကြသည်။ ကားလေးသည်
ရွှေစာရံရွာရှိ ဘကြီးရန်နိုင်အိမ်ဆီသို့သာ ဦးတည်
မောင်းနှင်နေလေသည်။
ကားလေးသည် ဖုန်တထောင်းထောင်းဖြင့်ခြံဝန်း
ကျယ်ကြီးခက်ထားသော အိမ်ရှေ့တွင် တိခနဲရပ်
တန့်သွားသည်။ အမောင်နှင့် နေညို တို့ကားပေါ်မှ
အရင် ဆင်းလိုက်ပြီး ခြံတံခါးဖွင့်ထားတာမို့ ဒီတို
င်း သာဝင်သွားလိုက်မိသည်။
ခြံသည်အတော့်ကိုကျယ်လေသည်။ အိမ်လေး
သည် နှစ်ထပ်အိမ်ဖြစ်ပြီး ရေနံချေးဝနေအောင်
သုတ်ထားလေသည်။ နွားတင်းကုပ်တွင် ဆူဖြိုး
ဖြိုး နွားညိုနှစ်ကောင်ရှိလေသည်။
"ဘကြီး...ရန်နိုင်...ဘကြီး ရန်နိုင် ရှိလားဗျ"
"အမောင်...ဒီအိမ်ဟုတ်ရဲ့လား..."
"ဟုတ်မယ်ထင်တာပဲ..ငါလည်း ဆေးကျောင်းစ
တက်ထဲက မရောက်ဖြစ်တော့တာဆိုတော့ နည်း
နည်းစိတ်ထဲ ဝေဝါးနေတာ"
"လူလေး......လူလေး နွေရိပ်မောင် မဟုတ်လား"
လက်ထဲတွင် ဖျာလိတ်တစ်ချက်ကို ပိုက်ကာအိမ်
အပေါ်လှေကားမှ ဝမ်းသာအားရဖြင့် ဆင်းလာ
သောဘကြီးရန်နိုင်ကိုတွေ့လိုက်ရတာမို့ အမောင်
နှင့် နေညိုတို့ ဝမ်းသာသွားရသည်။