အခန်း-၅(အချုပ်အနှောင်ကင်းစွာပျံသန်းခွင့်ရရပါလို၏)
970 105 8
{Zawgyi}
ဇူလိုင်လ၏မိုးဖွဲလေးသည် ညိုမှိုင်းအုံ့ဆိုင်း
နေသော တိမ်ဆိုင်တို့မှတစ်ဆင့် ရွာသွန်းနေ
သည့် မိုးပြေးလေးကြောင့် သစ်ပင်၊ သစ်ရွက်
တို့တွင်လည်း မိုးရေစက်တို့တွဲလဲခိုကာ လွမ်း
ဆွေးမြေ့ချင်ဖွယ်ကောင်းအောင်ပင်ခပ်ဖွဲဖွဲရွာ
ချနေလေသည်။ မိုးသောက်ယံထဲမှစတင်ရွာသွန်း
ခဲ့သော မိုးဖွဲပြေးလေးသည် နံနတ်၉နာရီချိန်တွင်
အလိုက်သတိတိဖြင့်တိတ်သွားလေသည်။
မိုးတိတ်ချိန်ကိုစောင့်မျှော်နေခဲ့သော လွန်းတို့
သားအဖသည် မိုးတိတ်သွားသည်နှင့်ခေါက်ထီး
အနက်လေးကို လက်တွင်မြဲမြံစွာကိုင်ရင်း လမ်း
ထိပ်သို့ထွက်ခဲ့လေတော့သည်။ခြေထောက်တစ်
ဖက်မသန်သော ဖခင်ဖြစ်သူ ဦးမိုးည၏လက်
မောင်းကို တွဲကူပေးရင်း ကတ္တရာလမ်းမထက်
ကနေ ခပ်ဖြည်းဖြည်း လျောက်လာခဲ့လေသည်။
အညိုရောင်ဘောင်ဘီရှည်လေးကိုခပ်ပွပွတီရှပ်
အဖြူရောင်လေးဖြင့်တွဲဖက်ဝတ်ဆင်ထားရင်း
အချမ်းပြေစေရန် မိုးပြာရောင်အနွေးထည်လေး
ကိုအပေါ်ကနေ ထပ်ဝတ်ထားသေးသည်။ ဦးမိုး
ည ကတော့ ပုံမှန်ဝတ်မြဲ ပုဆိုးနှင့်ဆွယ်တာ
အနွေးထည်လက်ရှည်လေးကိုသာဝတ်ဆင်
ထားပြီး၊ လက်တွင်သွားလေရာအားပြုပြီးသွား
ရသော မရှိမဖြစ် တုတ်ကောက် အနက်ရောင်လေး
တစ်ချောင်းသာပါလေသည်။ ဒီနေ့က လွန်းည၏
အမေဆုံးတာ ၆နှစ်တိတိပြည့်သွားသည့် နှစ်ပတ်
လည်နေ့ပင်။
ဇူလိုင်လ၏မိုးခပ်ဖွဲဖွဲရွာသွန်းချိန်တွင် လောက
ကြီး၏ အကြောင်း ကိုဘာမှမသိသေးသော ခပ်
ငယ်ငယ်ကောင်လေးတစ်ယောက် မိခင်မဲ့ခဲ့တာ
ဒီနေ့ဆိုလျှင် ၆နှစ်တိတိတောင်ပြည့်ခဲ့ပြီလေ။
ဝါးထရံကာ အိမ်လေးရဲ့တောင့်တစ်နေရာတွင်
မိခင်ဖြစ်သူ၏ အသက်မဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း
ရှိုက်ကြီးတစ်ငင်ငိုကြွေးခဲ့သော လွန်းည၏ မျက်
ရည်တွေက ဇူလိုက်မိုးနှင့်အပြိုင်ဖြစ်ခဲ့လေသည်။
ငယ်ရွယ်သေးသည့် ကလေးဘဝရဲ့မှတ်ညာဏ်
ဆိုပေမဲ့ လွန်းညမမေ့ပျောက်ခဲ့ချေ။
"သား...လက်မှာချိတ်ထားတဲ့ အိတ်ထဲကဘာ
တွေလဲကွဲ့"
လွန်းည သူ့အတွေးနှင့်သူမို့ ဦးမိုးည၏အမေး
စကားသံကြားလိုက်ရသောအခါ ခန္ဓာကိုယ်လေး
ဆက်ခနဲတုန်သွားပြီး လက်တွင်ချိတ်ထားသော
အိတ်လေးကိုတစ်ချက်ကြည့်ကာ ခပ်ပြေပြေ
လေးပြုံးလိုက်ရင်း..........၊