အခန်း-၁၀{တိတ်တခိုးရင်ခုန်သံ}
895 88 4
{Zawgyi}
"ချပ်..."
"လွန်း...အိပ်နေပြီလား"
ကျွန်းတံခါးလေးအား ချပ်ခနဲဆွဲဖွင့်လိုက်ပြီး
အခန်းထဲသို့ ခြေသံဖွဖွနင်းရင်း အမောင်ဝင်
လာခဲ့မိ၏။ အခန်းထဲတွင် စာကြည့်မီးလေး
ကိုသာထွန်းထားပြီး အခန်းထဲတွင်အလင်း
ရောင်သည် ခပ်သဲ့သဲ့မျှသာရှိသည်။
စာကြည့်စာပွဲပေါ်တွင် မေးလေးတင်ကာ
အတွေးစတို့ပျံ့လွင့်နေသော လွန်းညသည်
အခန်းထဲသို့ အမောင် ဝင်လာသည်ကိုပင်
သတိမထားမိခဲ့ချေ။
"လွန်း...စာမလုပ်ဘဲ ဘာတွေငေးမောနေတာ
လဲ"
ဘေးနားရှိ ထိုင်ခုံတစ်ခုအားဆွဲယူကာ လွန်းည
ဘေးတွင် အမောင်ဝင်ထိုင်လိုက်၏။
"မငေးပါဘူး..အစ်ကိုရဲ့ လွန်းည စာကျက်နေ
တာပါ"
"သချာင်္(၂)စာအုပ်ကြီးဖွင့်ပြီး စာကျက်နေတယ်
လို့ပြောနေတာလား လွန်း"
ထိုအခါမှ လွန်းညက သင်္ချာစာအုပ်ကိုချက်ချင်း
ပင်ကောက်ပိတ်လိုက်ကာ အနားမှ မြန်မာစာစာ
အုပ်အား ယူဖွင့်လိုက်၏။
"ဟီးဟီး..လွန်း စာအုပ်မှားဖွင့်ထားတာ၊ ဒါပေမဲ့
မှားတော့ မမှားပါဘူး သချာင်္(၂)ဆိုတာ လွန်း
အတွက်တော့ ကျက်စာပါပဲ"
"ဒီကောင်လေးကတော့ သင်္ချာကိုဘယ်လိုတွေ
တောင် ကျက်နေရတာလဲ"
" တကယ်ကျက်တာ..လွန်း ဆိုပြရမလား"
"အမလေး..တော်!တော်ပါတော့ လွန်းလေးရယ်
နောက်နေ့ကျရင်တော့ လွန်းကို သင်္ချာ(၂)သေချာ
ပေးရပါအုံးမယ်"
"အစ်ကို စောစောက လွန်းကို လွန်းလေး လို့ခေါ်
လိုက်တာဟင်"
"ဟုတ်တယ်လေ...ဘာလို့လဲ လွန်းလေးလို့ခေါ်
တာကို သဘောကျလို့လား"
"အရမ်းသဘောကျတယ်...လွန်းဆိုလေ လွန်း
ထက် ကြီးတဲ့သူတွေနဲ့တွေ့ရင်တောင် ဘယ်
တော့မှ 'အစ်ကို' လို့မခေါ်ဘူး။ လွန်းကလေ
'အစ်ကို့' တစ်ယောက်ထဲကိုပဲ အစ်ကိုလို့ခေါ်
တာ...ဒီကမ္ဘာပေါ်မှာ ကိုယ်ချစ်တဲ့လူတစ်ယောက်
ကို ခေါ်ဝေါ်စရာ နာမ်စားလေးတွေ၊ အမည်နာမ
အသုံးအနှုန်းလေးတွေ များစွာရှိပေမဲ့ လွန်း
ကတော့ 'အစ်ကို' ဆိုတဲ့ နာမ်စာလေးကို
အစ်ကိုတစ်ယောက်ထဲအတွက်ပဲ တစ်ဘဝလုံး
သီးသန့်သုံးနှုန်းသွားမှာ သိလား"