အခန်း-၁၄{အချစ်၏သတ်မှက်ချက်}
720 77 12
{Zawgyi}
"လူကြီးသူမကို သိတတ်တဲ့ သားတို့သမီးတို့
သွားလေရာ နေရာမှာ ဘေးမထိရန်မခပါစေနဲ့
ကွယ်"
"ပေးတဲ့ ဆုနဲ့ ပြည့်စုံပါရစေ ဘကြီး"
ဘကြီးရန်နိုင်၏ ဆုပေးသံဖြစ်သည်။ ဘုရားပွဲ
တော် ပြီး၍ မန္တလေးသို့ပြန်ခါနီးတွင် မိခင်ဖြစ်
သူ ထည့်ပေးလိုက်သော လက်ဆောင်ပစ္စည်း
များအပြင် လှိုင်၊ ဖြူ၊ တေဇနှင့် နေညိုတို့သည်
လည်း လက်ဆောင်ပစ္စည်းတစ်ချို့ စုဝယ်ကာ
ဘကြီးရန်နိုင်အား ကန်တော့ကြသည်။
ကွမ်းတငုံငုံဖြင့် အိမ်ဦးခန်းတွင်မိန့်မိန့်ကြီး ထိုင်
နေသော ဘကြီး ရန်နိုင်က ခေါင်းလေးတညိမ့်ညိမ့်
ဖြင့် ဆုပေးစကားပေးရှာသည်။
"နောင်နှစ်တွေကျလို့ရှိရင်လည်း ရွှေစာရံဘုရား
ပွဲကို ရောက်ဖြစ်ရင် ဘကြီးအိမ်ကိုပဲလာခဲ့သိလား
ဘကြီး ဟင်းကောင်းကောင်းတွေလည်း အများ
ကြီး ချက်ကျွေးမယ်"
"ဟုတ်...ဖြူ တို့လာဖြစ်ခဲ့ရင် ဘကြီး အိမ်ကို
ပဲ အရင်လာမှာ"
ဖြူက ဖျက်လက်တက်ကြွစွာပင် ပြောဆိုလိုက်
သည်။
"ဘကြီး..ဒါဆို သားတို့ သွားတော့မယ်နော်
အပြန်မိုးချုပ်သွားမှာစိုးလို့"
"အေးကွယ်...ကားကို ကရုစိုက်မောင်းကြအုံး
နော် သိလား"
"ဟုတ်ကဲ့ဗျ"
ဘကြီးရန်နိုင်ကို နှုတ်ဆက်ပြီး မန္တလေးသို့ပြန်
လာခဲ့သည်။ ဘုရားပွဲတော်ပြီး၍ ခြောက်ကပ်ပြီး
ကျန်ရစ်ခဲ့သော ပွဲခင်းကြီးသည် လွန်းမောစရာ။
အလာတွင် တွေ့ရသော လက်ပံပင်တန်းကြီးက
လည်း ပင်ယံရှိလက်ပံပွင့်များကို ခြွေချရင်း ဧည့်
သည် များအား နှုတ်ဆက်နေသယောင်ရှိနေသည်။
နေဝင်ခါနီးတွင် မန္တလေးသို့ပြန်ရောက်ရှိခဲ့ပြီး
သူငယ်ချင်းများကို အိမ်ထိရောက်အောင်လိုက်
ပို့ပြီးကာမှ အမောင်နှင့် လွန်းည တို့အိမ်သို့ပြန်
လာခဲ့ကြသည်။ အိမ်ပြန်ရောက်ချိန်တွင် မိုးပင်
ဆုံးဆုံးချုပ်နေပြီဖြစ်သည်။
"သားတ်ို့တောင် ပြန်ရောက်နေပြီပဲ....
ဘုရားပွဲမှာ အတော့်ကို ပျော်ခဲ့ရဲ့လား"