မင်းဝေ ကုမ္ပဏီရဲ့ လက်ရှိCEOရာထူးနဲ့ လုပ်ကိုင်နေတဲ့
စေဟန်မင်းဝေ။
လုပ်ငန်းပိုင်းမှာလည်း အရည်အချင်းရှိတယ် ထက်မြတ်တယ်။
ရုပ်ရှည်ပိုင်းမှာ ကျပြန်တော့လည်း
အဖေဖြစ်သူက နိုင်ငံခြားသား အမေဖြစ်သူက မြန်မာနိုင်ငံသူဖြစ်တာကြောင့် ကပြားဖြစ်တဲ့ စေဟန်က ပြောစရာမလိုအောင် ပြီးပြည့်စုံတယ်။
ဒါကြောင့်လည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တဲ့ ဆိုတဲ့ နာမည်ကို
ရထားခြင်းဖြစ်တယ်။တစ်နေ့နဲ့ တစ်နေ့ တိုးပွားလာတဲ့ ကုမ္ပဏီခွဲတွေ
စည်းစိမ်ဥစ္စာတွေကြောင့် စေဟန်နဲ့ လက်ဆက်ပေးချင်ကြတဲ့
သမီးရှင်တွေက တစ်ပုံတစ်ပင်။
ဒါကြောင့် သွယ်ဝိုက်ပီးလာတဲ့သူက လာ
တိုက်ရိုက် လာပြောသူက လာပြောနဲ့
မင်းဝေကုမ္ပဏီရဲ့ CEO ဧည့်တွေ့ခန်းက စည်းကားလျက်ပင်။လာတဲ့သူတွေကတော့ ချောင်းပေါက်မတက် လာနေကြပေမဲ့
CEOဆိုတဲ့ စေဟန်မင်းဝေကိုတော့ ယောင်လို့ မတွေ့ရပေ။
CEOရဲ့ အတွင်းရေးမှူး ဆိုသူ သွန်းဓနသော်နှင့်သာ တွေ့ရသည်။သွန်းဓနသော်မှာလည်း တနေ့တနေ့ ဒီလူတွေနဲ့ တစ်ခါလာလည်း ဒီအကြောင်း နှစ်ခါလာလည်း ဒီအကြောင်း ကြားရလွန်းလို့
နားတောင် အူချင်နေပီ
သူ့ရဲ့ CEOဆိုတဲ့သူမှာလည်း သူ့ကို ဒီကိစ္စနဲ့ ပတ်သတ်ပီး အကုန်အပ်ကာ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိ။အမလေး အမေရေ သားဘဝကို လာကြည့်ပါဦး...
ထိုင်ရာကနေ မထရလို့ ဖင်တွေတောင် ကြိမ်းနေပီဖြစ်တာကြောင့်
စိတ်ထဲကနေသာ အမေကို တနေလိုက်သည်။
မပီးနိုင် မစီးနိုင်သော သမီးရှင်တွေကို ကြည့်ရင်း ရှုးချင်စိတ်ပါပေါက်လာသည်။
ငွေမျက်နှာကြောင့် သူတို့ရဲ့ သမီးတွေကို ထိုးကျွေးနေကြတဲ့
လူ့လောဘသားကောင်တွေကို ကြည့်ရင်း တရားလည်း ရပြန်သေးတယ်။ဒီလိုမျိုးက ကြာရင် မဖြစ်တော့ဖူး။
ငါလေးလည်း ဆီးချိုတွေ ဘာတွေ ဖြစ်တော့မယ်။
သူဌေးနားမှာနေရင်း မိန်းမမရ ဘာမရနဲ့ သေရတော့မဲ့ အဖြစ်မျိုးတော့ သွန်းဓနသော်တို့ အဖြစ်မခံနိုင်ပါ။
အခုမှ ငယ်ငယ်ရွယ်ရွယ်လေး ရှိသေးတဲ့ဟာကို....
ဒါတွေကို သွန်းဓနသော်တစ်ယောက် CEOဧည့်တွေ့ခန်းထဲ ထိုင်ရင်း တွေးနေခြင်းပင်။
ရှေ့က သမီးရှင် တွေရဲ့ စကားကိုတော့ လျစ်လျူရှုထားလိုက်သည်။
ဒါမှလည်း နားချိန်ရတော့မှာပင်။
YOU ARE READING
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romance"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...