Part-9☘️(Unicode & Zawgyi)

217 16 8
                                    


Unicode

တီ.....တီ....တီ......
"ဟုတ်ကဲ့ အောင်သူရိန် ကားဝက်ရှော့ဆိုင်က ပြောနေပါတယ်"

"ဟို မောင်မောင်လွန်းနဲ့ စကားပြောချင်လို့ပါ"

"အော် ဟုတ်ကဲ့
ဖုန်းကို ခနလောက် ကိုင်ထားပေးပါ"
(မောင်လွန်းရေ..... မောင်လွန်း မင်းဆီဖုန်းလာတယ်)

"ဟုတ်ကဲ့ အကိုရေ လာပီ....."

"ဟယ်လို မောင်မောင်လွန်းပါ
ဘယ်သူလဲမသိဖူး"

"မြေးလွန်းရေ....ဘကြီးချိုပါ"

"ဟုတ်ကဲ့ ဘကြီးချို ပြောပါ "

"ဒီလိုပါကွယ် မြေးတိမ်ယံ မေ့လဲသွားလို့လေ
ဘကြီးချိုလည်း ဒီဆေးကိစ္စတွေ နားမလည်တာရယ်
ဆေးဖိုးအတွက် ပိုက်ဆံက ဘကြီးဆီမှာ စုမိဆောင်းမိထားတာနဲ့ မလောက်တာရယ် အာ့ကြောင့်ပါ မြေးလွန်းရယ်"

"ဟုတ်ကဲ့ ရပါတယ် ကျွန်တော် ခုချက်ချင်း လာခဲ့မယ်နော်
နေရာက....."

"@#$##$#$"

"ဟုတ်ကဲ့ ဘကြီးချို သားအိမ်မှာ ပိုက်ဆံယူပီး လာခဲ့မယ်
တိမ်ယံကိုသာ ဂရုစိုက်ထားလိုက်ပါ ကျန်တာတွေ စိတ်မပူနဲ့နော် ဘကြီးချို...."

"ကျေးဇူးပါကွယ် မြေးလွန်းရယ် "

"ရပါတယ် ဘကြီးချိုရယ်
ဒါဆို ဖုန်းချလိုက်တော့မယ်နော်
အလုပ်ကို ခွင့်တိုင်ရဦးမှာ ဆိုတော့ "

"အေးကွယ် အေး အေး "

ဖုန်းချပီးတာနဲ့ ဆိုင်ရှင်ကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပီး
နေ့တဝက် ခွင့်ယူကာ အိမ်သို့ ခပ်သုတ်သုတ် ပြန်ခဲ့သည်

ဝုန်း!!!

"မင်းကြီးတော် မျောက်
လန့်တာကွာ ဘာသံလဲ မသိဖူး
ဟမ် မောင် ပြန်လာပီလား ဒီနေ့က အစောကြီးဆင်းတာလား "

သွန်းဓနသော်တစ်ယောက် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း
ဝုန်းခနဲ အသံကြောင့် ထကြည့်မိတော့ မောင်လွန်းကို တွေ့ပီး
တအံတဩဖြင့် မေးခွန်းမေးမိသည်။

"အလုပ်က နေ့တဝက်ခွင့်ယူလာတာ ကိုသွန်းရေ...
တိမ်ယံမေ့လဲလို့တဲ့ အဲ့တာ ဆေးရုံသွားဖို့ ပိုက်ဆံလာယူတာ "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးDonde viven las historias. Descúbrelo ahora