Part-23🍀[Unicode / Zawgyi]

463 15 6
                                    

Unicode

ညနေက ကိုစေဟန်က တိမ်ယံနဲ့ မောင်လွန်းနဲ့ကို အိမ်ပြန်ပို့ပေးသွားပီး ဘကြီးနဲ့ မောင်လွန်း အမေ့ကိုလည်း နှုတ်ဆက်သွားသေးသည်။

စေဟန်က တိမ်ယံနဲ့သူနဲ့ ဆက်ဆံရေးကို ဘကြီးနဲ့ ဒေါ်လေးကို ပြောပြဖို့ တိုင်ပင်ပေမဲ့ တိမ်ယံက ခနလောက်တော့ မပြောသေးနဲ့ဦး လို့ ပြောတာကြောင့် ကိုစေဟန်က တိမ်ယံ့ သဘောပါတဲ့လေ။

တချိန်တည်း အတူတူ အိမ်ပေါ်ခေါ်တင်ပီး ကျွေးမွေးခဲ့တဲ့သူချင်းတူတူ ဟိုလူကြီးကတော့ နေနိုင်လိုက်တာ။
ဒါမှမဟုတ် သူက ကိုယ့်အပေါ်ခံစားချက် မရှိလို့များလား။
အော် ဟုတ်တာပဲလေ ခနတာ ခိုလှုံခဲ့ဖူးတဲ့ ရင်ခွင်ကို သတိရတမ်းတနေတဲ့သူက သူတစ်ယောက်တည်းသက်သက်သာ..

တဖက်မှာတော့....
ဒီအပတ်ထဲကျမှ ဘာလို့ အပ်ထားတဲ့ ဒီဇိုင်းတွေက ဒီလောက်များနေတာလဲကွာ....လွန်းငယ်ကို ပြန်လာခဲ့မယ်လို့ ပြောခဲ့တာကို.... မဖြစ်ဖူး ဒီနေ့ညတော့ သွားတွေ့ရမယ်

ဒါနဲ့ ဘယ်နနှာရီ ရှိပီလဲ မသိဖူး
စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းကို ဖွင့်ကြည့်လိုက်တော့
8နာရီ တိတိ။

ဟာ...အချိန်က အဲ့လောက်တောင် ဖြစ်နေပီလား။
စိတ်လောပီး အခန်းတံခါးဘေးက နံရံမှာ ချိတ်ထားတဲ့
ကားသော့ကို ယူပီး အောက်ထပ်ကို ပြေးဆင်းပီးမှ
သူဝတ်ထားတာ စွပ်ကျယ်နဲ့ ကွာတားဘောင်းဘီတို
ဖြစ်နေမှန်း သိလိုက်ရသည်။

ခပ်မြန်မြန်ပဲ အိမ်ပေါ်ပြန်တက် အခန်းထဲဝင်ပီး ဘီဒိုထဲက Hoodieတစ်ထည် ကောက်စွပ်၊တွေ့တဲ့ ဘောင်းဘီခပ်ရှည်ရှည်ကို ဝတ်လိုက်သည်။
ဘေးစားပွဲပေါ်က body sprayအနံ့ဆူးဆူးကိုလည်း ဖြန်းလိုက်ပီး မှန်ရှေ့ခနရပ်ကြည့်တော့.....
သူ့ကိုသူ ပြန်ပေးသည့်  မှတ်ချက်က ^မဆိုးဖူး ငါတော်တော် perfectဖြစ်‌ေနသည် ^ ဆိုတာပင်။

အချိန်ကိုကြည့်တော့ 8နာရီ 10မိနစ် ။
အခန်းထဲက ပြန်ထွက်ပီး အောက်ထပ်က ဖိနပ်စဥ်က တွေ့တဲ့shoesကို ‌စီးပီး အိမ်ရှေ့မှာ ရပ်ထားတဲ့
ဂျစ်ကားပေါ် တက်ပီး သူ့ရဲ့ လွန်းငယ်လေး အသည်းပုစိလေး ပူတူတူလေး  ချစ်ဆုံးလေး...
[TT:တော်လောက်ပီလေ....]

You've reached the end of published parts.

⏰ Last updated: Dec 02, 2021 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now