Part-6☘️(Unicode+Zawgyi)

262 18 0
                                    

Unicode

‌စေဟန် သူ့ရဲ့ မြတ်နိုးရာလေးကို
နောက်ကနေ မသိမသာရော သိသိသာသာရော
ကြည့်နေရင်း....

"ဟေ့ရောင် တော်လောက်ပီထင်တယ်"

အဲ့လိုပဲ သွန်းဓနသော်ဆိုတဲ့ကောင်က သူများကြည်နူးနေပီဆို
လာဖျက်ပီ။

"ဘာလဲကွာ "

"ဘေးပတ်ဝန်းကျင်ကို ကြည့်ဦး အိမ်ကို
ရောက်နေပီ "

"ဟမ်"

ဓန ပြောမှ ပတ်ဝန်းကျင်ကို ကြည့်မိတော့
ရိုးရိုးရှင်းရှင်း ဆောက်ထားတဲ့ သစ်သားအိမ်လေး
အိမ်ပတ်လည်မှာလည်း ပန်းပင်လေးနည်းနည်း
စိုက်ထားသေးသည်။

အိမ်ပုံစံကကြည့်ရင်း
နေတဲ့သူက သိပ်လည်းမချမ်းသာသလို အရမ်းကြီးလည်း ဆင်းရဲနေတာမျိုး မဟုတ်။

"ရိုးရိုးလေးပဲ "

"အေး ဟုတ်တယ်
မင်းနေတဲ့ အိမ်နဲ့ဆို..."

"အဲ့တာတွေက အရေးမကြီးပါဖူး
လုပ်ယူလို့ရတဲ့ ဟာတွေပဲ "

"ဟား ဟား စေဟန်မင်းဝေ မှ ဟုတ်ရဲ့လား
မင်းရဲ့ ဂုဏ်တွေ မာန်မာနတွေ ပျောက်လို့ပါလား "

"အဲ့တာတွေက တခြားသူတွေနဲ့ဆိုရင်တော့ ငါထုတ်ပြရမှာပဲ
ငါမြတ်နိုးတဲ့ သူအတွက်တော့ ဒါတွေဟာ အရေးမကြီးဖူး "

"ဟုတ်ပါပီ ဟုတ်ပါပီ
မင်းတစ်ယောက်တည်း အခုလို ဖြစ်တာ မဟုတ်ပါဖူး
ငါရောပဲ
ငါအခုလို မယ်မယ်ရရ အလုပ်မရှိတဲ့ ဘဝကနေ
ငါရုန်းထွက်မယ်
နာမည်တစ်ခု ရတဲ့အထိ ငါကြိုးစားမယ်
ဒါမှ ငါ့ရဲ့ မူပိုင်ရှင်လေးကို မျက်နှာ မငယ်စေမှာ "

"ကောင်းတာပေါ့ ငါ မင်းဆီက
ဒီလိုစကားမျိုးကြားချင်နေတာ
ငါ့လက်အောက်မှာပဲ နေပီး ငါ့ပုံစံအတိုင်း
လိုက်မနင်းစေချင်ဖူး
မင်းရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ တည်ထောင်တာကို
လိုချင်တာ"

"‌အင်း ငါတို့ကို ပြောင်းလဲစေတာပဲ ဒီကောင်လေးတွေက "

"အင်း မင်း လုပ်ငန်းစတဲ့ အခါ အကူအညီလိုရင်လည်း
ပြောပေါ့ "

"ကျေးဇူးပါ စေဟန် "

"ရပါတယ်ကွာ "

"မင်းနဲ့ငါ တစ်ခါမှ ဒီလောက် စကားမပြောဖူး ကြဖူးနော် "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now