Unicode
အထပ် ၇၀လောက် မြင့်မားတဲ့ အဆောက်အဦကြီး၊မှန်တွေနဲ့ ကာရံထားတဲ့ အဆင့်အတန်း မြင့်မြင့် building
တစ်ခု.....
အဝေးက လှမ်းကြည့်ရင်တောင် ထင်းခနဲ မြင်နေရတဲ့
အဆောက်အဦ....
ဒီအဆောက်အဦကတော့ ပြင်ဦးလွင်မှာ ထပ်တည်ဆောက်ထားတဲ့ Min Wai ကုမ္ပဏီခွဲပဲ ဖြစ်ပါတယ်ကုမ္ပဏီရဲ့ ဝင်ပေါက်နဲ့ စင်ဝင်အောက်မှာတော့
ရာထူးအမြင့်ကနေ အောက်ခြေရာထူးအနိမ့်အထိ ဝန်ထမ်းပေါင်းများစွာက စီတန်းရပ်နေပီး တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံ ပေါ်တယ်။ထိုအချိန်မှာပဲ.....
BMW အနက်ရောင်ကားကြီးဟာ စင်ဝင်အောက်မှာ
ပညာသားပါပါထိုးရပ်လိုက်တယ်။ ကားဒါရိုက်ဘာက
ကားပေါ်က ဆင်းပီး တံခါးဖွင့်ပေးလိုက်တာနဲ့ ဆင်းလာတဲ့လူရဲ့ အရှိန်အဝါတွေ ကျက်သရေရှိမှုတွေ က တခါတည်း ထွက်ပေါ်လာပါတော့တယ်။"Boss ပြန်ရောက်လာတာ ကြိုဆိုပါတယ် "
ဆိုပီး ဝန်ထမ်းပေါင်းများစွာက တညီတည်း နှုတ်ဆက်ကြတယ်။ခပ်တည်တည်မျက်နှာထားနဲ့ မျက်ခုံးတစ်ချက်ပင့်ပြပီး ခေါင်းညွှတ်နှုတ်ဆက်နေတဲ့ သူတွေဘေးနားကနေ ဖြတ်လျှောက်သွားပီး
ဓာတ်လှေကားထဲသို့ ဝင်လိုက်တယ်။ ပီးတာနဲ့ သူရဲ့ ရုံးခန်းရှိတဲ့ အထပ်70ကို သွားလိုက်ပီး ထိုင်ခုံမှာ ထိုင်ထိုင်ချင်းစစ်ဆေးစရာရှိတဲ့ ဌာနမှုးတွေ မန်နေဂျာတွေရဲ့listကို တိုနီကိုပေးလိုက်တယ်။
ထိုသူတွေ ရောက်လာတော့ ဆုံလည် ကုလားထိုင်ပေါ်မှာ မျက်စိမှိတ်ထိုင်နေပီး စားပွဲပေါ်မှာ တင်ထားတဲ့ လက်မှ လက်ညိုးကို ထောင်ပြလိုက်တယ်။ ဒီသဘောက 'စ' တင်ပြဆိုတဲ့ သဘောပေါ့။ဒီလိုနဲ့ အသီးသီး တင်ပြမှုတွေရဲ့ အပြီးမှာ
လက်မှတ်ထိုးရမဲ့ စာရွက်စာတမ်းတွေကို ထားခဲ့ခိုင်းသည်။
ကုမ္ပဏီခွဲကို ရောက်ပီး ကတည်းက စေဟန်မင်းဝေတို့ အလုပ်နဲ့ လက်နဲ့ မပြတ်ပေ။ အရင်က တနေ့အလုပ် တနေ့လုပ်နေရတော့ သိပ်မပင်ပန်း။ အခုက တစ်လလုံးလုံး အလုပ်ပျက်ထားတာကြောင့်
စီစစ်စရာတွေက တစ်ပုံတပင်။ စေဟန်မင်းဝေ မနက်ထဲက အလုပ် လုပ်လိုက်တာ နေ့လည်စာ စားချိန်တောင် ကျော်လို့ပင် လာသည်။
စေဟန် နေ့လည်စာစားချိန် ကျော်နေတာကို သိပေမဲ့ သူ့ရဲ့ အတွင်းရေးမှူးလေးကို လာနိုးလာနိုးနဲ့ မျှော်နေသော်လည်း အဲ့လဒကောင်က ဘယ်ဆီနေမှန်း မသိ။
စေဟန်မင်းဝေ စိတ်ထဲက ကျိန်ဆဲလိုက်သည်။
'တိုနီ တိုနီ မင်းတော့လား ကိုယ့်အလုပ်ရှင် တယောက်လုံး နေ့လည်စာ စားချိန်ကျော်နေတာကို ရောက်မလာဖူးပေါ့လေ။မင်းရဲ့ လုပ်ရည်ကိုင်ရေ လေးကြောင့်သာ မင်းကို ခန့်ထားတာ....ဟင်း ဟင်း ပြုတ်ဆော် နံနေပီ....'
YOU ARE READING
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romance"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...