Part-7☘️(Unicode/Zawgyi)

230 21 0
                                    

Unicode

စေဟန် အသက်ရှုရတာ ကျပ်လာတာကြောင့်
အိပ်နေရာကနေ နိုးလာခဲ့သည်။

အိပ်ယာက နိုးနိုးခြင်း သူ့ရဲ့ လည်ပင်းပေါ်ကို တက်ဖိထားတဲ့
သွန်းဓနသော်ရဲ့ ခြေထောက်ကြီးကို မြင်လိုက်ရသည်။

*ဒီသူတောင်းစားကတော့.....*

ခြေထောက်ကို အားနဲ့ တွန်းဖယ်လိုက်ပီး
အိပ်မောကျနေတဲ့ သွန်းဓနသော်ရဲ့ မျက်နှာပေါ်ကို
ခေါင်းအုံးတစ်လုံး ပစ်တင်ပီး ထွက်လာခဲ့လိုက်သည်။

သန့်စင်ခန်းထဲ ဝင်ပီး မျက်နှာသစ် သွားတိုက်လုပ်ပီးတော့
အိမ်ရှေ့ကိုထွက်ပီး ခြံထဲကို ငေးကြည့်နေတုန်း

"အကိုစေဟန် နိုးနေပီလား "

ဈေးက ပြန်လာဟန်နဲ့ တူတဲ့ မောင်လွန်းက အထုတ်တွေ
လက်က သယ်ရင်း လှမ်းမေးသည်။

"ဟုတ်တယ် ညီလွန်းက ဈေးက ပြန်လာတာထင်တယ် "

"ဟုတ် အကိုတို့ စားဖို့ သိပ်မရှိလို့လေ
ဗိုက်ဆာနေပီလား ကျွန်တော် နွားနို့ ဖျော်ပေးမယ် "

"ရပါတယ် အေးဆေးပေါ့ ညီလွန်းကို မေးစရာတော့ရှိတယ်"

"မီးဖိုချောင်ထဲ လိုက်ခဲ့လေ
ကျွန်တော်လည်း ချဉ်ပေါင်ရွက် ခြွေစရာရှိတာနဲ့ အတော်ပဲ
အကိုမေးတာလည်း ဖြေရင်း ချဉ်ပေါင်ရွက်လည်း ခြွေရင်းပေါ့ "

"အေးအေး "

"အကို ထိုင်  သိချင်တာ မေးလို့ရပါပီ "

"အင်း အကို သိချင်တာက ညီလွန်း သူငယ်ချင်း တိမ်ယံအကြောင်းပါ။ တိမ်ယံက ညီလွန်းတို့လိုပဲလား
မနေ့က လာခေါ်တဲ့ သူ့ဘကြီးဆိုတဲ့သူနဲ့ အတူနေတာလား "

"မဟုတ်ဖူး အကိုစေဟန်ရဲ့
တိမ်ယံက အရမ်းချမ်းသာတာ
ဘကြီးချိုက သူတို့အိမ်ရဲ့ အလုပ်သမားဦးလေးကြီးလေ "

"ဪ ဟုတ်လား "

"ဒါပေမဲ့ အရင်ကပါ ချမ်းသာတာက "

"သူ့မိဘတွေက စီးပွားပျက်သွားလို့လား "

"မဟုတ်ဖူး တိမ်ယံ အသက် ဆယ့်သုံးနှစ် လောက်မှာ
သူ့မိဘအရင်းတွေက တိမ်ယံ ကို အိမ်ပေါ်က
နှင်ချလိုက်ကြတာ
ဘာအကြောင်းကြောင့်လဲ ဆိုတာကိုတော့ တိမ်ယံ ကိုယ်တိုင်
တောင် မသိဖူးလေ
ဟူး~~
အဲ့လို နှင်ချခံရတော့ ဘကြီးချိုက တိမ်ယံကို သူ့ရဲ့ အလုပ်သမားအိမ်လေးမှာ ခေါ်ထားပီး
ဆယ်တန်းအောင်တဲ့အထိ စောင့်ရှောက်ပေးခဲ့တာ "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now