Part-8☘️(Unicode/Zawgyi)

228 21 1
                                    

Unicode

"အကိုတို့ရေ....
ကျွန်တော်အလုပ်သွားတော့မယ်
အမေ့ကိုတော့ ဆေးတိုက်ခဲ့ပီးပီ
တစ်ခုခုဆို ကျွန်တော့ အလုပ်ဖုန်းကို ဆက်လိုက်နော်
ဒီမှာ‌ ရေးထားတယ် ရော့ "

"မောင့်မှာ ကိုယ်ပိုင်ဖုန်းမရှိဖူးလား "

"ကိုသွန်းကလည်းဗျာ
ကျွန်တော်က တနေ့လုပ် တနေ့စားလေ..
ဖုန်းကို ဘယ်လိုဝယ်နိုင်မှာလဲ"

သွန်းဓနသော် သူ့အသဲလေးကို ကြည့်ရင်း
ဒီအသက်ငယ်ငယ်လေးနဲ့ ဘယ်လောက် ပင်ပန်းနေလိမ့်‌မလဲ
*မောင် ကိုယ်ကြိုးစားမယ် မောင့်ကို တင့်တင့်တယ်တယ်ထားနိုင်အောင် *

"ဒါဆို သွားပီနော် ကိုသွန်း နဲ့ ကိုစေဟန် "

"အေး ညီလေး ကောင်းကောင်းသွားနော်
ဒေါ်လေးကို စိတ်မပူနဲ့ "

"အင်း အင်း "

မောင်လွန်း ထွက်သွားတော့ သွန်းဓနသော် မျက်နှာမှာ
ငေးမှိုင်ပီး ဝိညာဉ်လွင့်နေသလိုဖြစ်နေလေရဲ့

"ဟေ့ရောင် ဟေ့ရောင်
တော်ရုံပဲ ကောင်းတယ်
ငါ့ဘဝကိုကြည့်ဦး မင်းကောင်လေးက အလုပ်လေးသွားတာ ညနေကျ ပြန်လာမှာ
ငါ့မြတ်နိုးရာလေးကိုတော့ တွေ့ချင်ရင် ‌တွေ့မရဖူး
ကိုယ်ချင်းစာဦး ငါ့ကို "

"မစာနိုင်ပါဖူး မင်းလို မာနတခဲသားနဲ့ ကောင်းမျိုးက
ဒါမျိုးနဲ့ပဲ တန်တယ် ခံစားလိုက်ပါဦး
ငါ‌ကတော့ ငါ့ရဲ့ အနာဂတ်ယောက္ခမလောင်း ကို သွားပြုစုလိုက်ဦးမယ် "

"တော်တော်ကို ရင်းနှီးမြှုပ်နှံချင် စရာကောင်းတာပဲ "

"အဲ့တာနဲ့ပဲ ကိုင်ပေါက်‌မနေနဲ့ သွားပီ
ခြံထဲမှာ အေးဆေးနေပီးမှ လာခဲ့ "

"မနေပါဖူး မင်းဒေါ်လေးဆီက အမှတ်မရအောင် လိုက်နှောင့်‌ယှက်ဦးမှာ "

"ဟား ဟား....."

_______

"မြေးလေး နားနားပီးလုပ်ပါ
မနက်ထဲက ပန်းအိုးတွေ ရွှေ့လိုက် ရေတွေလောင်းလိုက်နဲ့
မနားတမ်းလုပ်နေတာ နားပါဦးကွယ် "

"ရပါတယ် ဘကြီးချိုရယ်
မမရဲ့ သစ်ခွတွေကို သားခနနေသွားပို့မလားလို့"

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now