Unicode
"သမီးရေ သမီးတိမ်လွှာ...သမီး...."
ဒေါ်နီလာမြင့် အိမ်အပေါ်ထပ်ကို သမီးနာမည်ကို အော်ခေါ်ရင် အပြေးတက်လာမိသည်။သို့သော် အသက်ရလာပီး ဖြစ်တဲ့အတွက် သိပ်ခရီးမရောက်။တိမ်လွှာမင်း ရေချိုးခန်းထဲက ထွက်လာပီး Dryerမှုတ်ဖို့ မှန်တင်ခုံရှေ့ထိုင်လိုက်တဲ့အချိန် အမေဖြစ်သူရဲ့ ခေါ်သံကြောင့် အောက်ထပ်ကို ဆင်းလာမိတော့ လှေကားထစ်မှာ
အမေဖြစ်သူကို တွေ့ရသည်။
အမေမျက်နှာက စိုးရိမ်မှုတွေ ဖြတ်သန်းနေသည်။ တိမ်လွှာ မောနေတဲ့ အမေ့ကို တွဲလိုက်ပီး အောက်ထပ်က ထမင်းစားခန်းထဲ သွားကာ မမော်တို့ကို ရေတစ်ခွက် ခပ်ခိုင်းလိုက်သည်။"အမေ ရေသောက်ပါဦး ပီးမှ ပြောစရာရှိတာ ပြောပေါ့နော်..."
"အေး အေး..."
ရေသောက်ပီးတော့မှ ထမင်းစားပွဲက ခုံကို ဆွဲထုတ်လိုက်ပီး အမေ့ကို ထိုင်ခိုင်းရသည်။
"အမေ ဘာကိစ္စဖြစ်လို့လဲဟင် ဖြည်းဖြည်းပြောနော်..."
တိမ်လွှာ အမေ့ဆီက ထွက်လာမဲ့ စကားသံကို အာရုံစိုက် နားထောင်မိသည်။"သမီးရယ် အမေတို့ ဘယ်လို လုပ်ရမလဲကွယ်...."
အမေက အဆုံးမရှိ ထငိုတာကြောင့် တိမ်လွှာ အမေ့ကို ဖတ်ထားရင်း နှစ်သိမ့်ပေးမိသည်။
အမေက ငိုနေရင်းနဲ့မှ...
"သမီးတို့အဖေရဲ့ ကုမ္ပဏီ မှာလေ ငွေမည်းတွေနဲ့ ပတ်သတ်နေတယ်ဆိုတဲ့ သက်သေတွေရထားလို့ အခု....အခု...သမီးအဖေရဲစခန်းရောက်နေတယ် သမီးရယ်....
အမေတို့ အစောင့်အရှောက်တွေမကျေနပ်အောင်
ဘာများလုပ်မိလဲဟင် သမီး...သမီးရော
ဘာလုပ်မိလဲဟင်..."အမေဖြစ်သူက ဆိုင်ရာပိုင်ရာတွေ အစောင့်အရှောက်တွေ နတ်တွေကို အယုံအကြည်ရှိလွန်းသူဖြစ်သည်။သူကတော့ အဲ့ဒါမျိုးတွေကို မယုံ။ဒါပေမဲ့ အမေ့အလိုကျ အလိုက်အထိုက်နေပေးလေ့ရှိသည်။အခုလည်း အမေ မေးသည့် မေးခွန်းကို 'မလုပ်မိပါဖူး 'ဟူ၍သာ ဖြေလိုက်သည်။
အခုအချိန်မှာ အဲ့ဆိုင်ရာပိုင်ရာတွေကို နောက်ထားလိုက်ဦး။
အဖေက အခု အချုပ်ထဲ ရောက်နေသည်မလား။
ငွေမည်းတွေကိစ္စကလည်း ဘယ်ကဘယ်လို
ပေါက်ကြားသွားတာလဲ။
တိမ်လွှာမင်း ခေါင်းထဲ မေးခွန်းပေါင်း သောင်းခြောက်ထောင် ပြည့်နက်နေတော့သည်။
အမေ့ကို ဖတ်ထားရင်း မေးခွန်းတစ်ခု စမေးလိုက်သည်။
"သက်သေတွေက ခိုင်လုံတယ်တဲ့လား မေမေ "
VOUS LISEZ
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Roman d'amour"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...