Part-3☘️(Zawgyi)

192 6 0
                                    

တီ.....တီ....တီ....
"ဟယ်လို...ဓနလား...
ငါပါ စေဟန်..."

"ဘာလဲ ငါအခု မင်းကုမ္ပဏီမှာ မလုပ်တော့ဖူးလေ "

"သိတယ်လေ ငါထုတ်လိုက်တာပဲကို "
"ဒီခွေးတော့...‌ဒါဆို ဘောမလို့ ငါ့ဆီ ဖုန်းဆက်တာလား"
"အာ အရိုင်းအစိုင်းဓနသော် "
"အေး မင်းဖအေ‌ကို တ‌မနေနဲ့ ပြောစရာရင် မြန်မြန်ပြော "
"အေး ပြောမယ် ငါ မနက်ဖန် ပြင်ဦးလွင်ကို သွားမလို့ အဲ့တာ မင်းပါလိုက်ခဲ့ရမယ် အဲ့တာပြောမလို့ မလိုက်ခဲ့ရင် မင်းအမေနဲ့ အဖေကို မင်းအခုနေနေတဲ့ နေရာရဲ့ လိပ်စာကို လှမ်းပို့လိုက်မယ် ဒါပဲ ဖေ့သား "

"ဘာ..ဟေ့ရောင်...ဟေ့... ဘောမလို့ ဖုန်းချသွားတာလား..."
မနက်စောစောစီးစီး သွန်းဓနသော် တစ်ယောက် စေဟန်မင်းဝေကို
မေတ္တာထိုင်‌ပို့လေ၏

ငြင်းလို့မရတာက တကြောင်း အခုတလော စိတ်ညစ်နေတာတကြောင်း စေဟန်ရဲ့ ဖိတ်ခေါ်မှုကို မငြင်းတော့ပဲ ပြင်ဦးလွင်သို့လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ကိုယိ့ဘက်က ပိုက်ဆံလည်း မကုန်ဖူးလေ။ ဇိမ်နဲ့လည်း ကားစီးရဦးမယ်။ ဒါမျိုးကို ငြင်းလိုက်ရင် နှမြောစရာ....

_________

"ဘကြီးချိုရေ...သား မောင်လွန်းတို့ဆီ သွားဦးမယ်
သူ့အမေ ကျန်းမာရေးအကြောင်းလဲ သတင်းမေးရင်းနဲ့..."

"အေး အေး မြေးလေး အသွားအလာ ဂရုစိုက်ဦးနော်
စိတ်ပြေလက်ပျောက် ညအိပ်ချင်ရင် အိပ်ခဲ့နော်
အိမ်ကြီးကိစ္စကို စိတ်မပူနဲ့ ကြားလား မြေး "

"ဟုတ်ကဲ့ ဘကြီးချို
ဒါနဲ့ ဘာမှာဦးမလဲ သူတို့က ဈေးနဲ့နီးတော့
မနက်စောစောပြန်ရင်းနဲ့ တစ်ခါတည်း ဝယ်ခဲ့မယ်လေ..."

"မမှာတော့ပါဖူး မြေးရယ်
မြေးလေးသာ မြေးလွန်းနဲ့ စကားတွေ ပြောခဲ့
စိတ်ပျော်အောင်.."

"ဒါနဲ့ ဘကြီးချို သစ်ခွတွေ"

"မပူနဲ့ ဘကြီးချို ကြည့်ထားလိုက်မယ် မမလေးတိမ်လွှာ‌က
နောက်အပတ်လောက်မှ ပေးလည်း ရတယ်တဲ့.."

"ဟုတ်လား မမတိမ်လွှာက သဘောကောင်းလိုက်တာ
ဒါဆို သွားပီ...ဘကြီးချို တာ့တာ့..."

"အေး မြေးလေး ဖြည်းဖြည်းသွား "

တိမ်ယံအတွက် တစ်ဦးတည်းသော သူငယ်ချင်းတဲ့
မောင်မောင်လွန်း။
မောင်လွန်းက အမေတစ်ခု သားတစ်ခု။
အမေဖြစ်သူကလည်း ကျန်းမာခြူချာတော့ မောင်လွန်း ခမျာ
အမေဖြစ်သူရဲ့ ဆေးဖိုးအတွက် ရသမျှ အလုပ်
အကုန်လုပ်ပီး ရှာဖွေနေရတဲ့ ဘဝသမားလေး။
တိမ်ယံဘဝနဲ့လည်း ခပ်ဆင်ဆင်
ဒါပေမဲ့ မောင်လွန်းကို မောင်လွန်း အမေက သိပ့်ချစ်တယ်
တိမ်ယံကိုတော့ တိမ်ယံအမေက မမြင်ချင်လောက်အောင် မုန်းတယ်
ဒါလေးတော့ ကွာတာပေါ့။

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးTempat cerita menjadi hidup. Temukan sekarang