Part-13☘️(Unicode/Zawgyi)

195 17 8
                                    


Unicode

ဘာလိုလိုနဲ့ စေဟန်နဲ့ သွန်းဓနသော်တို့ မတော်တဆ တွေ့ဆုံခဲ့ကြတဲ့
သူတို့ရဲ့ ဘဝလက်တွဲဖော်တွေနဲ့ ခေတ္တ ခဏ ခွဲခွာရမဲ့အချိန်ကို ရောက်လို့လာခဲ့ပီ။

"စေဟန် ငါ...ငါ....အောင်မြင်မှာပါနော် "

"ဘာကိုလဲ အစမရှိ အဆုံးမရှိ "

"ငါလုပ်ငန်း စလုပ်တဲ့ အချိန်ကျရင် ငါအောင်မြင်နိုင်ပါ့မလားလို့ "

"အောင်မြင်တာ မအောင်မြင်တာကိုတော့ မပြောနိုင်ပေမဲ့
မင်းကျရှုံးချင်ရင်တောင် မင်းကို ငါက ကျရှုံးခွင့် မပေးဖူးဆိုတာတော့ ငါပြောနိုင်တယ် "

"ငါ့မှာ မင်းလို သူငယ်ချင်းရှိတာ အရမ်းကောင်းတာပဲ "
(အရောင်တလက်လက် မျက်လုံးများဖြင့် )

"တော်စမ်း မင်းနှုတ်ဆက်ပီးပီလား "

"မပြောရသေးဖူး ငါစကားပြောမယ်ဆိုတာနဲ့သူက
ရှောင်‌ရှောင်သွားတာ အဲ့တာကြောင့် မင်းကော "

"ငါ အခုသွားပြောမလို့ စိတ်တည်ငြိမ်အောင် အရင်လုပ်နေတာ "

"သားကြီး အဆင်ပြေပါစေ ဖိုက်တင်း "

"အင်း သွားပီ မင်းလည်း အဆင်ပြေပါစေ "

"အေး "

စေဟန် မီးဖိုချောင်ဆီကို ဦးတည်ပြီး စိတ်ကို အတည်ငြိမ်ဆုံးထားကာ လျှောက်လာခဲ့သည်။

တိမ်ယံလေးကတော့ ဟင်းတွေချက်ပြုတ်ရင်း
အလုပ်များနေတာပေါ့

"တိမ်ယံ... အကို ပြောစရာရှိလို့ "

"ပြောလေ အကို ...."

"သေချာနားထောင်ပေးနော် "

"ဟုတ် "

ဟုတ် လို့သာ ဆိုပေမဲ့ စေဟန်ကို ကျောခိုင်းပီး ချက်ပြုတ်နေတာက
မရပ်ပေ။

"အကို ပြန်တော့မယ် "

"အော် ပြန်တော့မှာလား ဟင်..???
ပြန်...ပြန်တော့မယ် ဘယ်ကို ပြန်မှာလဲဟင် "

"အကို့ရဲ့ အရင် အိမ်ကို...."

"လာခေါ်နေကြပီလား အကို့ကို ဒါမှမဟုတ် ဒီမှာနေရတာ
မပျော်လို့လား "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now