Part-4☘️( Unicode)

257 17 2
                                    

စေဟန်မင်းဝေ တစ်ယောက် လိုအပ်တဲ့ ပစ္စည်းတွေ ထည့်ထားတဲ့
လွယ်အိတ်တစ်လုံးကို လွယ်ပီး နံရံမှာ ချိတ်ထားတဲ့ ကားသော့ကို
ယူကာ အိမ်အောက်သို့ ဆင်းလာလိုက်တယ်

ကားကို စက်နှိုးလိုက်ရင်း ဟိုအရှိုင်းအစိုင်း ဓနကို ဖုန်းဆက်လိုက်ပီးသွန်းဓနသော်ရဲ့ ကွန်ဒိုကို မောင်းလာလိုက်တယ်။

ဖုန်းဆက်တာကတော့ အဆင့်သင့် ပြင်ထားဖို့ပဲ...
ရုပ်က ဘယ်လောက်ပြင်ပြင် အရောင်တာ မထွက်တာ
တစ်ခါပြင်ဆင်နေရင် တစ်နာရီလောက်ကြာနေတဲ့ကောင်လေ....

ကွန်ဒိုရဲ့ ကားပါကင်မှာ ကားရပ်လိုက်တော့
"ဟေ့ရောင် ငါရောက်ပီ
မဆင်းနဲ့တော့.."

"အမယ် ဓနသော်တို့ ဒီတစ်ခါ တယ်စောနေပါလား ဟက် "
"မင်းကွာ မိန်းမကြီးကျလို့ စောတော့လည်း စောလို့
နောက်ကျပြန်တော့လည်း နောက်ကျလို့နဲ့.."

"ငါ့ကိုများ မဖြစ်တော့ဖူး ဦးလေးနဲ့ အဒေါ်ကို လာခေါ်ခိုင်းမှ ရတော့မယ် "

"အေး မင်း ငါ့ကို အဲ့အချက်နဲ့ပဲ ကိုင်ပေါက်နေလိုက်
တော်ပီ မပြောနဲ့တော့ မောင်းမှာ ဖြင့် မောင်းတော့ "

"တစ်ယောက်တစ်လှည့်နော် ငါက မင်းရဲ့ driverမဟုတ်ဖူး "

"သိပါတယ်ကွာ အခု မင်းမောင်းမှာမလား.."

"အေး "

"အဲ့တာဆို  မြို့ပြင်ရောက်ရင် ငါမောင်းမယ် OK "

"OK "

စေဟန်မင်းဝေတို့ သူငယ်ချင်း နှစ်ယောက် ရန်ကုန်မြို့မှ ပြင်ဦးလွင်သို့ စတင် ထွက်ခွာလာကြသည်။
သူငယ်ချင်းတွေ ဆိုလို့ ကားပေါ်မှာ စကားတွေ ဘာတွေ ပြောပီး
ပျော်ပျော်ရွှင်ရွှင် သွားနေကြတယ်လို့ မထင်ပါနဲ့
စေဟန်မင်းဝေကလည်း ကားကို ကျောက်ရုပ်အတိုင်း မောင်းနေသလို သွန်းဓနသော်ကလည်း သူ့ဖုန်းကို မျက်နှာကြီးအပ်ပီး ကြည့်နေပါတယ်။ဘုရားစူး သူငယ်ချင်းနှစ်ယောက်ပါပဲ။

မြို့ပြင်ကို နည်းနည်းလေးထွက်လာတော့
စေဟန်က ကားရပ်လို့ ရတဲ့ နေရာတစ်နေရာမှာ ဘေးထိုးရပ်ပီး
ချက်ချင်း နေရာပြောင်းသည်။

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးTahanan ng mga kuwento. Tumuklas ngayon