Part-17 🍀(Unicode & Zawgyi )

210 15 2
                                    

Unicode

ရက်တွေကနေ.....လ
လတွေကနေ....နှစ်....အလီလီပြောင်းလဲခဲ့တာ ခုဆို 2နှစ်တိတိပြည့်ခဲ့ပီပေါ့။ကောင်လေးရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်မပြတ် စုံစမ်းခိုင်းထားခဲ့ပေမဲ့....ကောင်လေးရဲ့ မျက်နှာနုနုကိုလွမ်းမိပါရဲ့။သွားတွေ့ချင်မိပါရဲ့။
ဒါပေမဲ့ နှလုံးသားရဲ့ ခိုင်းစေမှုကို အသိစိတ်ဖြစ်တဲ့ ဦးနှောက်က ဝင်တားတယ်။
လွမ်းတိုင်း ထုတ်သောက်မိတဲ့ စီးကရက်တွေဟာလည်း မရေတွက်နိုင်တော့....
အရင်ကသိပ်သောက်လေ့မရှိတဲ့ အကျင့်ဟာလည်း တဖြည်းဖြည်းပျောက်ကွယ်လို့နေတယ်.....
တိတ်တဆိတ်ခိုးရိုက်ထားတဲ့ ပုံတချို့ကို
အလွမ်းပြေကြည့်ရင်း စီးကရက်ကို ဖွာရှိုက်မိတယ်။

ဒေါက် ဒေါက် .... "Boss ဝင်လာလို့ရမလား "

"ဝင်ခဲ့ "

"Modern ဂျာနယ်လစ်က အင်တာဗျူးရှိတာလေ အဲ့တာ...."

"ငါအခုလာပီ "သောက်လတ်စ ‌စီးကရက်ကို ခွက်ထဲ
ထိုးချေလိုက်ပီး
ခုံပေါ်လွှားတင်ထားတဲ့ ကုတ်အကျီကို ယူလိုက်တယ်။
ပီးတာနဲ့ တိုနီနောက်ကို ကုတ်အကျီဝတ်ရင်း အင်တာဗျူးလုပ်မဲ့အခန်းဆီကို ဦးတည်လိုက်တယ်။

မိုက်တပ်တာတွေ မိတ်ကပ်အနည်းငယ်လိမ်းပီးတာနဲ့ အင်တာဗျူးတဲ့သူနဲ့ မနီးမဝေးမှာ ထိုင်လိုက်သည်။
သူထိုင်လိုက်တာနဲ့ ရိုက်ရမဲ့ ကင်မရာမန်းကို အချက်ပြလိုက်ပီး အမှတ်စဉ်ရေတွက်နေကြသည်။

5...4...3...2...1. Start,

"မဂ်လာပါ  Modern ဂျာနယ်လစ်ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမေးမြန်းပေးတဲ့ အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်..
ကဲ ပရိတ်သတ်ကြီးတို့‌ရေ.....
ဒီနေ့ အင်တာဗျူးပေးသွားမဲ့ သူကတော့ ကိုယ့်ဒူးကိုယ့်ချွန်ပီး ဒီနေ့ဒီနေရာထိ အောင်မြင်လာတဲ့ စီးပွားရေးလောက က Top 1ဖြစ်တဲ့
Min Wai Co.Ltdရဲ့CEO စေဟန်မင်းဝေပဲ
ဖြစ်ပါတယ် အကို မဂ်လာ‌ပါနော် "

"ဟုတ်ကဲ့ မဂ်လာပါ "

"အကို့အနေနဲ့ပေါ့နော်  အကို အခုလို အောင်မြင်လာအောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာ ပြောပြပေးနိုင်မလားရှင့် "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးWhere stories live. Discover now