Part-16🍀(Unicode & Zawgyi)

224 18 1
                                    


Unicode

မိုးအကုန် ဆောင်းအကူးဖြစ်တာကြောင့် လေပြေအေးတွေ တဖြတ်ဖြတ်တိုက်ခတ်နေကြတယ်။
သစ်ပင်ပေါ်က ငှက်စုံတွဲတို့ကလည်း ကြိုးစားပမ်းစား အသိုက်ဆောက်နေကြလေရဲ့။
အင်း.....ဆိုင်တော့မဆိုင်ပေမဲ့ လွမ်းမိပါရဲ့။

စေဟန်မင်းဝေ ကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်မှာ တစ်ခါတလေမှ သောက်ဖြစ်တဲ့ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပီး တဖွာ ဖွာလိုက်တယ်။
မှုတ်ထုတ်လိုက်တဲ့ အငွေ့ဖြူဖြူတွေကြား လွမ်းနေတဲ့ မျက်နှာလေးကို မှုန်ဝါးဝါးလေး ပုံဖော်မိတယ်။
မင်းရော ကိုယ့်ကို သတိရနေမလား???

"ဟေ့ရောင် စေဟန်...မသေပါနဲ့ဦးကွာ ငါမုန့်ဟင်းခါး မစားချင်သေးဖူးကွ.....ခွီး...."

"ပေါက်ကရတွေ ပြောမယ်ဆို လာရာလမ်းတိုင်း လှည့်ပြန်လိုက် ဓန "

"အားရှားဗား စေဟန်မင်းဝေတို့ အတည် ဖီးလ် နေပါလား
မသောက်တာကြာတဲ့ ဆေးလိပ်တွေဘာတွေ သောက်လို့ပါလား "

"ဒီလိုပါပဲကွာ မင်းရော ရောက်ဖြစ်လား "

"ရောက်ဖြစ်လားဆိုတော့ ဟိုတလောက ငါအဲ့ဘက်သွားဖြစ်တယ်
သူတို့နဲ့ မျက်နှာချင်းဆိုင်က ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း အဲ့ဘက်ကို ကြည့်မိတော့ အဆင်ပြေနေတဲ့ပုံပါပဲ ရယ်ရယ်မောမောနဲ့ မောင်မျက်နှာလေးကို ကြည့်နေတာ ဘယ်လောက်ကြာသွားလဲ မသိဖူး ဆီဆိုင်ကဝန်ထမ်းလေး လာပြောမှ ငါသတိဝင်တာလေ....
အဟက်...ရီတော့ ရီရသား သိလား ငစေ ငါတို့နှစ်ယောက်က
သတိတွေရ အလွမ်းကြီးတွေလွမ်းနေတာ သူတို့ကရော ငါတို့အပေါ်..."

"တော်လိုက်တော့ ဓန မင်း ညီလွန်းအပေါ် မယုံကြည်ရင်နေ သူရဲ့ ခံစားချက်တွေကို သံသယ မဝင်နဲ့ ညီလွန်းက မင်းအပေါ်မှာ သံဃောဇဉ်ရှိမယ်ဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်....
မင်းဒီကိုလာတာ ဒီဇိုင်းဌာနက ဒါရိုက်တာနဲ့ စာချုပ်လာချုပ်တာမလား
ပီးပီဆို ပြန်တော့ "

"အေးပါ မင်းပြောတာကိုပဲ ငါယုံကြည်ထားပါမယ်။ တခါတလေမှ တွေ့ရတဲ့သူကို မင်းက ပြန်ခိုင်းနေတယ် ငါ့မှာတော့ မင်းရှိတဲ့ နေရာကို တိုနီဆီမှာ မေးပီး ဒီထိလာခဲ့တာကို "

နှလုံးသားရဲ့ ဥယျာဉ်မှူး   ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴးTempat cerita menjadi hidup. Temukan sekarang