Unicode
"တိမ်ယံရေ...မင်းစားချင်တဲ့ ဖက်ထုပ်ဆန်ပြုတ်တယ်လာပီ..."
တိမ်ယံပါးပေါ်က မျက်ရည်စီးကြောင်းတွေကို ကမမ်းကတန်း
သုတ်ပီး
"အင် အင်း အင်း...
ပြန်လာပီလား "စေဟန် တိမ်ယံလေးရဲ့ မျက်နှာကို ကြည့်တော့
ငိုထားတာကြောင့် နှာခေါင်းထိပ်လေးက နီရဲလို့နေသည်။
အဲ့တာကိုတောင် ဘားမှ မဖြစ်သလို ပြုံးပြနေသူလေးရဲ့ ရင်ထဲမှာ
စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင် များနေမလဲ။"ဟို...ဟိုလေ မောင်လွန်း...."
"ပြောလေ တိမ်ယံ ဘာလိုချင်လို့လဲ "
"ငါ့....ငါ့ကို အလုပ်လေး ရှာပေးလို့ရမလား..."
"အလုပ်??"
"အင်း "
မောင်လွန်းအကြောင်းအရင်းကို သိပေမဲ့လည်း တိမ်ယံကို
ရင်ဖွင့်စေချင်သည်။
ဝမ်းနည်းနေရင် ငိုချလိုက်စေချင်သည်။
တစ်ယောက်တည်း ရင်ခွင်ပိုက်ပီး ကိုယ့်ကိုယ်ကို
အပြစ်တင်နေမှာကို မလိုလား။"ဘာလို့ အလုပ် လိုချင်ရတာလဲ ရုတ်တရက်ကြီး "
"ငါလည်း အရွယ်ရောက်လာပီလေ ဘကြီးချိုကို
ပြန်လုပ်ကျွေးချင်ပီ ပီးတော့ ဟိုအိမ်မှာပဲ နေ နေ လို့လည်း
မရဖူးလေ""ဘာလို့ မရတာလဲ အဲ့တာလည်း မင်းအိမ်ပဲလေကွာ မင်းကလည်း...သူတို့....."
"တော်ပီ မောင်လွန်း.....
မင်း ငါ့ကို အလုပ်ရှာ ပေးမှာလား မပေးဖူးလား...."မောင်လွန်း သူငယ်ချင်းဖြစ်သူရဲ့ အဖြစ်ကိုကြည့်ရင်း
စိတ်မကောင်း။
ခံစားရတဲ့ ဒုက္ခတွေအကုန်လုံးကို ဘယ်သူ့ကိုမှ မပြောပဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေလေရဲ့။"အေးပါ ရှာပေးပါ့မယ် အခုတော့ ဆေးရုံမှာ နားနားနေနေ နေပါဦး "
"ငါ ကောင်းနေပါပီ
ဆေးရုံဆင်းလို့ရနေလောက်ပီ ဆေးရုံဆင်းရအောင်နော်....နော်
မောင်လွန်း ""တိမ်ယံ!! "
*မောင်လွန်း တိမ်ယံကို အော်လိုက်မိသည်။
မအော်လို့လဲ မရတော့ လူ ကြည့်တော့
ဖြူဖပ်ဖြူရော်။
အဲ့တာကို အတင်းဆေးရုံက ဆင်းမယ် လုပ်နေလေရဲ့။
သိတာပေါ့ သူဆေးရုံက ဆင်းချင်ရတဲ့ အကြောင်းကို
ဟိုနတ်ဆိုးမနှစ်ယောက်ကြောင့်လေ။
ကောင်းကျိုးမပေးတဲ့ နှစ်ယောက် သွားလေရာ ခလုတ်တိုက်ပါစေ*
YOU ARE READING
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romance"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...