"ခိုင်းထားတဲ့ အလုပ်တွေ ပီးလို့ အိမ်ကြီးဆီလာတာလား...
တိမ်ယံမင်း!!.....""မ..မဟုတ်ပါဖူး....
ပေါက်တူး....ကျိုး....ကျိုးသွားလို့ပါ...""အဲ့ပေါက်တူးက နင့်ကို ပေးနေထားတဲ့ ခြံနောက်က ဂိုဒေါင်မှာ မရှိလို့လား
ငါပြောထားတယ်နော် တော်ရုံတန်ရုံဆို အိမ်ကြီးဆီ ခြေမချနဲ့လို့
ယုတ်ညံတဲ့ နင့်ရဲ့ ခန္ဓာကိုယ်ကြောင့် ငါတို့ရဲ့ ဘုန်းတွေကံတွေပါ နိမ့်ကျ မခံနိုင်ဖူး...ရှင်းလား....""ဟုတ်ကဲ့...မေ...မေ..."
"ငါ့ကို မေမေလို့ မခေါ်နဲ့လို့ ပြောထားတာ ဘယ်နှစ်ခေါက်ရှိနေပီလဲ
ဘာလဲ အသားနာမှ မှတ်မိမှာလား..
နင်လာစမ်း ဒီနားကို လာစမ်း......""နောက်မခေါ်ပါတော့ဖူး.....ရိုက်တော့ မရိုက်ပါနဲ့...
နောက်မခေါ်တော့ပါဖူး....""လာဆို လာလိုက် စကားကို နှစ်ခါမပြောဖူးနော်....
တစ်ချက်ကနေ နှစ်ချက်မဖြစ်ချင်ရင် လာလိုက်....""ဟုတ်...ဟုတ်ကဲ့..."
တိမ်ယံတစ်ယောက် သူ့ရှေ့က ဒေါ်နီလာမြင့်ဆိုသူ
သူ့ရဲ့ မွေးမိခင်ဆိုသော သူကို မယုံကြည်နိုင်.....
ငယ်စဉ်က အသက် ဆယ်နှနှစ်လောက်ထိတော့ သူ့အပေါ် မိခင်ရင်းပမာ ချစ်ခင် ကြင်နာနေသော သူသည်
ဆယ်သုံးနှစ် ပြည့်ပီး တစ်လအကြာမှာ ရုတ်ချည်း ပြောင်းလဲ သွားခဲ့တယ်။ နားမလည်နိုင်သော စကားလုံးပေါင်း များစွာ
ပြောရင်း...
အိမ်ပေါ်ကလည်း နှင်ချခဲ့သလို ခြံအလုပ်များကိုလည်း
ခိုင်းစေခဲ့ပီး
ရွံရွှာနေသော မျက်လုံးအကြည့်များကိုပါ အစစ် ပေးခဲ့သေးတယ်။"ခေါင်းမော့စမ်း....တိမ်ယံမင်း..."
အတွေးများထဲ နစ်မြုပ်နေစဉ်
နားထဲ ဒေါ်နီလာမြင့် အသံဝင်လာတာကြောင့်
ခိုင်းစေသည့် အတိုင်း ခေါင်းကို မော့လိုက်တော့....ပါးပြင်ပေါ်သို့ ကျရောက်လာတဲ့ မွေးမိခင် ဖြစ်သူရဲ့ ရိုက်ချက်
ခန္ဓာကိုယ်နာကျင်ရတာထက် အမေဖြစ်သူဆိုတဲ့ အသိကြောင့်
ရင်ထဲကပါ နာကျင်ရသည်
ဘာလို့လဲ ဘာကြောင့်လဲ ဘာအမှားလုပ်မိလို့လဲ ဆိုတဲ့
မေးခွန်းပေါင်းများစွာနဲ့ ဘယ်ဘက်ပါးပြင် တစ်ခုလုံး
နာကျင်မှုကြောင့် ပူထူနေတုန်း ညာဘက်ပါးပြင်ပေါ်သို့ ထပ်မံ ကျရောက်လာတဲ့ ရိုက်ချက်....
သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးဖြစ်တာကြောင့်
ရိုက်တဲ့အားက တော်ရုံမဟုတ်။
တိမ်ယံတစ်ယောက် မျက်နှာတစ်ခုလုံး လည်ထွက်သွားပီး....
ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
ထောက်ထားတဲ့ ခြေထောက်များမှာလည်း နာကျင်မှုကြောင့် မခိုင်တော့ဖူး ထင်ပါရဲ့....
KAMU SEDANG MEMBACA
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romansa"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...