Unicode
" ကိုယ့်ကို အဖြေပြန်မပေးတော့ဖူးလားဗျာ....
ဟင်...တကယ်မပေးတော့ဖူးလားလို့...ဟင်...ဟင်.."တိမ်ယံမင်း တစ်ယောက် ဆက်တီခုံပေါ်မှာ ထိုင်နေတာကို
ကိုစေက တိမ်ယံ့အရှေ့တည့်တည့်မှာ ထိုင်ချလိုက်ပီး တိမ်ယံ့ခါးကိုဖတ်ရင်း ဗိုက်ကို မျက်နှာအပ်ထားသည်။
ပီးတော့ ခပ်ချွဲချွဲအသံနဲ့ စကားစလာပီး 'ဟင်' လို့ တခါ
ဆိုတိုင်း တိမ်ယံ့ကိုယ်ကို တခါလှုပ်ရမ်းသေးသည်။တိမ်ယံမင်း ကလေးတစ်ယောက်မုန့်တောင်းသလို ပုံစံမျိုးနဲ့ ပြောနေတဲ့ ကိုစေကိုကြည့်ပီး ကြည်ကြည်နူးနူးပြုံးမိသည်။
စတွေ့တုန်းကတော့ ကိုစေရဲ့ အကြည့်တွေကြောင့်လား
စိမ်းနေတဲ့အခြေအနေကြောင့်လားတော့ မသိ....
ကိုစေနဲ့ စကားပြောတိုင်း အခုန်မြန်လာတတ်တဲ့ နှလုံးသားကို လျစ်လျူရှုထားမိသည်။ အကြောင်းပြချက်မျိုးစုံလည်း ပေးရင်းပေါ့.....ကိုစေနဲ့စတွေ့တုန်းက အကြောင်းတွေ တွေးရင်း
ရင်ခွင်ထဲက ကြောင်ပေါက်လေးလို ပွတ်သပ်နေတဲ့
တိမ်ယံ့ နှလုံးသားရဲ့ ဥယျာဉ်မှုးလေး အလိုကျ အဖြေပေးဖို့ စကားစလိုက်သည်။"ဟုတ်ပါပီ ကိုစေရဲ့ ပေးပါ့မယ် ဒါပေမဲ့ ကိုစေ့မျက်နှာကို
ကြည့်ပီး အဖြေပေးချင်တာ...."တချိန်လုံး တိမ်ယံ့ဗိုက်ကို နမ်းလိုက်၊ပွတ်သီးပွတ်သပ်လုပ်လိုက် လုပ်နေတာကြောင့် မျက်နှာမော့လာအောင် ပြောလိုက်ပေမဲ့ တကယ်တမ်းမော့ကြည့်လာပြန်တော့လည်း
ရှုန်းထွက်လို့မရအောင် ညို့ယူထားတဲ့ မျက်ဆံ နက်နက်တွေကြား လမ်းပျောက်ရတဲ့သူ ကျွန်တော်သာ။"ကောင်လေး...အဖြေပေးပီးမှ ကိုယ့်ကို ထိုင်ကြည့်ချင်တယ်ဆိုလည်း ရတယ်နော်...ဟား..."
"ဘာ..ဘာပြောတာလဲ မ...မကြည့်ပါဖူး..."
တိမ်ယံ ကိုစေရဲ့ အပ်ရှရှရယ်သံကြားမှ သတိပြန်ဝင်လာပီး
မျက်နှာကြီး ပူထူကာ ခါးကို ဖက်ထားတဲ့ လက်တွေကို ဖြုတ်ချမိသည်။ ဒါပေမဲ့ သန်မာလှတဲ့ ထိုလက်နှစ်ဖက်က လှုပ်တောင် မလှုပ်။စေဟန် ရှေ့က ကောင်လေးရဲ့ အမူအရာတစ်ခုဆီကို မလွတ်တမ်း လိုက်ကြည့်မိသည်။ အရှက်သည်းလွန်းတဲ့ ကောင်လေးကတော့ သူ့လက်တွေကို တွန်းဖယ်နေလေရဲ့။ ဖယ်မရတဲ့နောက်တော့ အလိုမကျဟန် မျက်မှောင်ကျုံပီး သူ့ထံကို အကြည့်ပို့လာလေပီ။
'မရဖူး ကောင်လေးရေ ဒီနေ့တော့ မင်းလေးဆီက အဖြေမရရင် မလွှတ်ပေးဖူးကွာ ' စိတ်ထဲက ပြောလိုက်ပီး
အပြင်မှာတော့ " အဖြေပေးမယ်ဆိုပီး
ခုထိလည်း ပေးသေးဖူး...ကိုယ့်မှာ အကြာကြီး
စောင့်ခဲ့ရတာ...."
YOU ARE READING
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romance"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...