Unicodeတိမ်ယံလေးလည်း ဆေးရုံက ဆင်းလာပီး မောင်လွန်း ပြောထားပေးတဲ့ အလုပ်မှာ လုပ်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်လောက် ရှိပီ။
ခြံထဲက ကွပ်ပစ်ပေါ်မှာ ထိုင်နေရင်း စေဟန်က......
" တိမ်ယံ.....အလုပ် အဆင်ပြေလား ""ပြေပါတယ် အကိုရဲ့ ဘာလို့လဲ"
"ဒီအတိုင်း မေးကြည့်တာပါ
ဒါနဲ့ တိမ်ယံ မှာ.....""မေး ချင်တာ မေးလို့ရပါတယ် အကိုရဲ့ "
"ချစ်သူတွေ ဘာတွေ ရှိနေပီလားလို့ပါ အလုပ်မှာတွေ့တာ ဖြစ်ဖြစ်ပေါ့ "
"အော် မရှိသေးပါဖူး အကိုရယ်
ပီးတော့ ကျွန်တော့်မှာ ချစ်သူရည်စားထားဖို့ အချိန်လည်း
မရှိပါဖူးဗျာ.... အကိုရော ကောင်မလေးတွေ
ဘာတွေ တွေ့နေပီလား ""အကိုကလား အင်း.....အကိုက ဒီကို စရောက်ထဲက တွေ့တာ
သူ့ကို တွေ့ပီး ထဲက အကို့ဘဝရဲ့ ပိုင်ရှင် အဖြစ် သတ်မှတ်ထားတာ.."*တိမ်ယံ စေဟန်ပြောတဲ့ စကားတွေကို နားထောင်ရင်း ဘယ်ဘက်ရင်အုံထက်က နှလုံးသားက စူးအောင့်လာလေတယ်။ ဒါကို မသိချင်ယောင်ဆောင်ရင်း....*
"ဒါဆို မိတ်ဆက်ပေးဦးလေ ကျွန်တော်တို့နဲ့ "
"အာ....အကိုကသာ သူ့ကို ချစ်နေတာ သူကဖြင့် သတိထားမိမယ်တောင် မထင်ပါဖူး.......
အခါအခွင့် သင့်ရင် အကို ဖွင့်ပြောမယ် သူက ငြင်းခဲ့ရင်တောင် အကိုကြိုးစားမယ်ဆို သိထားစေချင်တယ် တိမ်ယံ ""ဟင်...ကျွန်တော့်ကို သိထားစေချင်တာလား...."
"အခုပြောတဲ့အကြောင်းတွေကို တိမ်ယံကို ပဲ သိထားစေချင်တယ်လို့ ပြောတာ "
"အော် စိတ်ချပါ ကျွန်တော်က ပါးစပ်မဖွာပါဖူး "
"ဟုတ်ပါပီ "
*တိမ်ယံလေး တနေ့ ကိုယ် မင်းဆီ ပြန်လာပီ မင်းရှေ့မှာ ရဲရဲဝံ့ဝံ့ ချစ်ခွင့်ပန်မယ်။ မင်းက ငြင်းခဲ့ရင် မင်းလက်ခံလာအောင် ကိုယ်ကြိုးစားမယ်။ စောင့်နေနော် ကိုယ့်ရဲ့ နှလုံးသားဥယျာဉ်မှူးလေး....*"မောင်....မောင်....အဲ့မှာ ကုန်းကုန်းကွကွနဲ့ ဘာလုပ်နေတာလဲ "
YOU ARE READING
နှလုံးသားရဲ့ ဥယျာဉ်မှူး ႏွလံုးသားရဲ့ ဥယ်ာဉ္မွဴး
Romance"ခေါင်းအစ ခြေအဆုံးဟာ ကိုယ့်ရဲ့ မြတ်နိုးရာ မင်းရဲ့ ဖြစ်တည်မှုက ကိုယ့်ရဲ့ ရှင်သန်မှု မင်းရဲ့ အပြုအမှုတိုင်းက ကိုယ့်ရဲ့ ရင်ခုန်ခြင်းတို့ ဖြစ်တည်ရာ... သည်လောက်ထိ မြတ်နိုးရပါသော ကိုယ့်ရဲ့ သည်းငယ်" စ...