RAAS Ch-11

510 115 5
                                    

Unicode

ရှေ့ပြေးအသေးစိတ်ညွှန်ကြားချက်များကို ကြည့်လိုက်ရုံဖြင့် ရှစ်ချင်း အနည်းငယ်ကြောက်လန့်နေပေပြီ။ ဇွန်ဘီးတွေ၊ သန္ဓေပြောင်းသတ္တဝါတွေရေ..... သတ္တိနည်းသူတွေကို အနိုင်မကျင့်ကြပါနဲ့! သူကတစ်ခါသေဖူးပြီးသားလူဖြစ်ပေမဲ့ ထိုကဲ့သို့သော သဘာဝလွန်ကိစ္စများကိုလက်ခံဖို့ရာ မတတ်နိုင်သေးပေ။ ဒီကမ္ဘာကို ကူးပြောင်းမလာခင်အချိန်တုန်းကတောင် သူကြောက်ဖို့ကောင်းသည့်ဇာတ်ကားများကို မကြည့်ခဲ့တာတော်တော်ကြာခဲ့ပြီဖြစ်သည်။ ဒီလိုသိပ္ပံကမ္ဘာများထဲမှတစ်ခုသို့ တကယ်တမ်းကူးပြောင်းခံလိုက်ရခြင်းက အိပ်မက်ဆိုးများကို ထိုးသိပ်ထည့်ခံလိုက်ရသလိုပင်။ ဖြစ်နိုင်သည်က သူတို့ ဇွန်ဘီးများစွာကို မြင်တွေ့ရင်ဆိုင်ရပေလိမ့်မည်။ ဒါက အသေအချာကို သေလမ်းကြီးပဲ..အားးး!

တိမ်မည်းလေးဖြစ်နေသော်ငြား ရှစ်ချင်း ရှင်းရှင်းလင်းလင်းကိုတုန်လှုပ်နေလေသည်။ သူကြောက်လန့်နေလျှင်တောင်မှ ပုန်းကွယ်နေလို့မရဘူးဆိုတာတော့ သူကောင်းကောင်းသိသည်။ သူအသိစိတ်ပြန်ကပ်သွားသည်နှင့် သတင်းအချက်အလက်များကို ဆက်ပြီးစစ်ဆေးလိုက်သည်။

ရှစ်ချင်း ကြောက်ရွံ့နေသည့်အတိုင်းပင် ဒုတိယကမ္ဘာမှာ ဇွန်ဘီးများဖြင့်ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်သတ္တဝါကြီးများကလည်း နေရာတိုင်းတွင်ရှိနေသည်။ ဤကမ္ဘာသည် လူသားများကို နက်ရှိုင်းသောရေနှင့် လောင်ကျွမ်းနေသောမီးထဲသို့ ကျရောက်စေခဲ့သည်။ (အများအပြားခံစားရစေသည်။ဟုဆိုလို)

ကံကောင်းသည်က ထိုအရာများက သိပ္ပံစမ်းသပ်ချက်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ မူလအစကတည်းက သဘာဝလွန်ဖြစ်ရပ်များဖြစ်နေခဲ့သည်မျိုး မဟုတ်ပေ။

အရိပ်သုတေသနအဖွဲ့အစည်းတစ်ခုက လူသားမျိုးရိုးဗီဇတွင်းရှိ သန္ဓေပြောင်းဗီဇများကို လေ့လာနေခဲ့ခြင်းဖြစ်သည်။ သူတို့က ထိန်းချုပ်အသုံးချနိုင်သည့် ပိုမိုအားကောင်းသော လူသားမျိုးနွယ်ကို ဖန်တီးဖို့ရန်အတွက် မလုပ်အပ်သည့် လူသားစမ်းသပ်ချက်များကို အရဲစွန့်လုပ်ခဲ့ကြသည်။ သို့ပေမဲ့ ထိုအရာက ယှဉ်ပြိုင်ဖက်မရှိသည့် ကပ်ဆိုးကြီးဆီ ဦးတည်သွားခဲ့လေသည်။ ပထမအသုတ်စမ်းသပ်သည့် စမ်းသပ်ခံများတွင် မိမိကိုယ်ကိုယ် ထိန်းချုပ်မှုကင်းမဲ့သွားခြင်း၊ ဆင်ခြင်တုံတရားမဲ့သွားခြင်းများစသဖြင့် မြင့်မားလှသည့်မကောင်းသည့်အချက်များ ပေါ်ပေါက်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာအရတော့ အများကြီးပိုမိုသန်မာလာကြပြီး၊ လက်သည်းများကလည်း ပိုထက်ရှလာသည်၊ ကြောက်ရွံ့မှုကိုမခံစားရသလို နာကျင်မှုကိုလည်းမသိကြပေ။ သူတို့၏တိုက်ခိုက်နိုင်စွမ်းများကလည်း အလွန်အမင်းမြင့်တက်လာကြသည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Where stories live. Discover now