RAAS Ch-12

508 109 7
                                    

Unicode

တကယ်တမ်း သူ့လိုအခြေအနေမျိုးအတွက် ဖြစ်လာနိုင်သည့်ရလဒ်များကို ရှစ်ချင်း လျှော့တွက်ခဲ့မိခြင်းဖြစ်သည်။ လေပွေကိုဖြတ်ပြီးနောက် သူနိုးလာသည့်အချိန်တွင်တော့ ပုပ်ပွပျက်စီးနေသည့် မျက်နှာတစ်ခုကို တန်းတွေ့လိုက်ရလေသည်။ အပုပ်နံ့များက လှိုင်လှိုင်ထနေပြီး အပေါ်ပိုင်းတစ်ခုလုံး ပျက်စီးနေကာ မျက်လုံးများကလည်း အမှန်တကယ်ပင် အပြင်ကိုထွက်ကျနေ၏။

အစောတုန်းက ပြောပြခဲ့သလိုပင် အတန်းဖော်ရှစ်ချင်းကို ငကြောက်တစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။ သူကြည့်နေသည့် တီဗွီပေါ်မှာ သရဲပုံပေါ်လာသည့်အခါမျိုးတွင်တောင် သူ့ကိုယ်သူ မနည်းအားတင်းကာ ကြည့်ခိုင်းရသည်။ ထိုသို့ဆိုလျှင်တောင် သူမြင်လိုက်ရသည့် တစ်စွန်းတစ်စလောက်က သူ့အား အိပ်ပျက်ညပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့သေးသည်။ သို့ပေမဲ့ ယခုအချိန် ယခုအခိုက်အတန့်တွင် ရုပ်ကြွကိုမှ အလွန်နီးကပ်သည့်အကွာအဝေးတွင် အလွန်ကြည်တောက်နေသည့် သူ၏အိပ်မက်ဆိုးများကို ရင်ဆိုင်မြင်တွေ့နေရသည်။ ဒါဘာမှော်အတတ်တွေလဲ?__ဟုသာ သူတွေးနိုင်တော့သည်။

ထိုအချိန်တွင် သူပိုပြီးတောင် နားလည်ဖို့ရာမစွမ်းနိုင်သည့် တစ်စုံတစ်ရာက ဖြစ်ပျက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်ဘဲ ဇွန်ဘီးမျက်နှာတည့်တည့်သို့ ပျံသန်းသွားလေသည်။ အော်ဂလီဆန်သည့် တကျွတ်ကျွတ်အသံနှင့်အတူ သူ့ခန္ဓာကိုယ်က နဖူးတည့်တည့်သို့ ထိမှန်သွားပြီး အသွေးအသားများ၊ စူးရှသည့်အနံ့အသက်များ၊ စေးကပ်ကပ်အထိအတွေ့များဖြင့် ဖုံးလွှမ်းသွားလေသည်။ ဒါကဘာကြီးလဲ? ဒါက..ဦး...ဦးဏှောက်ကြီး!

....အဲဒါက ပုပ်ပွနေတဲ့ဦးဏှောက်ကြီး၊ ပြီးတော့ သူအဲဒါကို တကယ်ကြီး ထိလိုက်မိတယ်။

QAQ.... လူကိုအသက်ရှင်ခွင့်ပေးပါဦးလို့!

သူစက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားပြီးနောက် သူ့ခန္ဓာကိုယ်က တစ်ပတ်လည်သွားပြီး ကျောက်တုံးကဲ့သို့မာကျောသည့် အရာတစ်ခုနှင့် တိုက်မိသွားသည်ကို ခံစားလိုက်ရသည်။ သူနောက်ဆုံးတော့ ထိုရွံစရာနေရာ၏ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်သွားပြီး လတ်ဆတ်သည့်လေကို ရှူခွင့်ရလိုက်လေပြီ။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ