RAAS Ch-7

625 132 9
                                    

Unicode

ကိုယ်လုပ်တော်လီက ဆေးလုံးကို စားခဲ့သလား?

ရှစ်ချင်း စိတ်ပူပန်နေသည့်အချိန်တွင် သူမက ညောင်စောင်းတွင်မှီထိုင်လျက် ဆေးလုံးကိုစိုက်ကြည့်နေခဲ့သည်။

သူမက သူမ၏အမွှေးနံ့သာအိုးထဲတွင် အမွှေးနံ့သာကောင်းများအား မီးလောင်ကျွမ်းနေစေ၏။ ဤသို့ဖြင့် သူမ၏အခန်းက အနံ့မွှေးနေရုံသာမက၊ အားအင်ပြန်လည်ပြည့်ဖြိုးစေသည့် အကျိုးအာနိသင်များကိုပါ ရရှိစေသည်။ အမွှေးနံ့သာများက သခင်မလီအာ တောင်ပိုင်းမှ တကူးတက ဝယ်လာခဲ့သည့်အရာများဖြစ်ပြီး ရွှေစင်ထောင်ပေါင်းများစွာ ထိုက်တန်လေသည်။ ဈေးကြီးသည်ဟု ပြောခြင်းက မလုံလောက်ချေ။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ရွှမ်ချန်းက ထိုအနံ့အား နှစ်သက်တော်မူသည့်အတွက် ကိုယ်လုပ်တော်လီမှာ သူတို့အား တစ်နှစ်ပတ်လုံး လောင်ကျွမ်းနေစေခဲ့ပြီး တစ်ခါမှပင်မရပ်ခဲ့။

အတော်နောက်ကျနေပြီ ဖြစ်သည့်အတွက် ဧကရာဇ်က သူမအား ယနေ့လာတွေ့တော့မည်မဟုတ်ကြောင်း သိလိုက်သည်။ သူမဘာမှမတတ်နိုင်ပေမဲ့လည်း စိတ်အခြေအနေကတော့ အနည်းငယ်အုံ့မှိုင်းလျက်ရှိသည်။

ယခုလက်ရှိတွင် နန်းတွင်းအစေခံများထဲမှ တစ်ယောက် ဝင်လာသည့်အတွက် ကိုယ်လုပ်တော်လီက ဧကရာဇ်ရွှမ်ချန်း မည်သည့်နေရာတွင် ရှိနေကြောင်း မေးမြန်းနိုင်သည့် အခွင့်အရေးအား အရယူလိုက်သည်။ မိန်းမစိုးလေးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဧကရာဇ်က ချူရှို့နန်းဆောင်ကို ကြွသွားပါတယ်"

ထိုစကားအားကြားလိုက်ရသည့်အခါ ကိုယ်လုပ်တော်လီ၏ စိတ်အခြေအနေက ပို၍ပင်အုံ့မှိုင်းသွားခဲ့သည်။ သူမအတွေးတချို့အား တွေးကြည့်မိသည့်အခါ ဧကရာဇ်မှာ မကြာသေးခင်အချိန်များက ကျောက်စိမ်းပြာနန်းဆောင်တွင် ညပေါင်းများစွာ ကုန်ဆုံးခဲ့သည့်အတွက်ကြောင့် သူမမှာ အလိုလိုက်ခံရကာ အကျင့်ပျက်နေခဲ့သည်။ မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံတို့အား မုန်းတီးသည့်အကြောင်းများပင် ပြောနေမိခဲ့သေးသည်။ ဧကရာဇ်က သူမပြောသည်များကို အလေးအနက်ထား နားထောင်နေခဲ့ပြီး အိမ်ရှေ့စံ၏အရိုက်အရာကိုပင် ပြန်လည်ရုတ်သိမ်းရန် လိုလားနေခဲ့ပုံပေါ်လေသည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora