RAAS Ch-15

410 101 6
                                    

Unicode

ချင်မော့၏စကားများကို ကြားလိုက်ရပြီးနောက် ရှစ်ချင်း သူ့နှလုံးသားထဲမှ အကြောက်တရားကို ဖိနှိပ်ကာ နောက်ဆုံးသော ဖန်ပေါင်းချောင်ကို ကြည့်လိုက်သည်။ သူထိုအရာကို သေသေချာချာ စူးစမ်းကြည့်လိုက်သည့်အခါ အနှီဖန်ပေါင်းချောင်ထဲတွင်ရှိနေသည့် သွေးစွန်းနေသည့်မျက်နှာကြီးအား ရင်းနှီးနေသည်ကို တွေ့လိုက်ရသည်။

အဲဒါက တကယ်ပဲ အခုလေးတင်ထွက်ပြေးသွားတဲ့ အစမ်းသပ်ခံကောင်လား? ဖန်ပေါင်းချောင်ထဲကို ဝင်နေဖို့တစ်ခုထဲနဲ့ ဒီလောက်ဝေးလံခေါင်ဖျားတဲ့နေရာကို ထွက်ပြေးခဲ့တယ်ပေါ့လေ? လူသေကောင်လို ဟန််ဆောင်နေရုံနဲ့ ဒီကိစ္စကနေ ရုန်းထွက်နိုင်မယ်လို့ ထင်နေတာလား? အဲဒီလောက် မနုံချာစမ်းပါနဲ့ ဇွန်ဘီးကောင်ရေးးးး

ခဏနေပါဦး......

ရုတ်တရက်ပင် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ရှစ်ချင်း သတိထားမိလိုက်သည်။ သိသိသာသာပင် အစမ်းသပ်ခံကောင်မှာ ခြေတစ်ဖက်ဆုံးရှုံးသွားခဲ့ပေမဲ့ အခုတော့.........၊ ကြည့်ရတာ ပြန်ပေါက်လာသည့်ပုံပင်။

အစမ်းသပ်ခံကောင်က သူ့ခန္ဓာကိုယ်ကို သည်လောက်မြန်မြန် ပြန်ပြင်နိုင်တာ ဖြစ်နိုင်ပါ့မလား? ထိုမကောင်းဆိုးဝါးက ဒီလိုစွမ်းရည်ကို ဖုံးကွယ်ထားခဲ့တာများလား?

ရှစ်ချင်း စိုးရိမ်သွားသည်။ နောက်တစ်စက္ကန့်တွင် ဖန်ပေါင်းချောင်က ကွဲအက်လာပြီးနောက် လုံးဝကွဲထွက်သွားလေသည်။ ၎င်းက ဒီရေနှင့် အရှိန်အဟုန်ပြင်းစွာ လွှမ်းမိုးခံလိုက်ရသည့်အတွက် ပြိုပျက်သွားသည့် သဲရဲတိုက်တစ်ခုကိုပင် သတိရမိသွားစေသည်။ ပေါက်ကွဲထွက်လာသည့် ဖန်ကွဲစများက မိုးသီးမိုးပေါက်များသဖွယ် ရွာကျလာသည်၊ ကြည့်ကောင်းပေမဲ့ အန္တရာယ်တော့များသည်။ ချင်မော့နှင့်လီစုတို့နှစ်ယောက်လုံး အလျင်အမြန် နောက်ပြန်ဆုတ်လိုက်ကြသည်။ သူတို့အနေဖြင့် အကြီးဆုံးဖန်ကွဲစကြီးကို ရှောင်လိုက်နိုင်သော်လည်း အမှုမဲ့အမှတ်မဲ့ဖြင့် ဒဏ်ရာများတော့ ရသွားကြသေးသည်။ များစွာသော သေးငယ်သည့် သွေးစို့နေသောရှရာများက သက်သေပင်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz