RAAS Ch-16

437 102 9
                                    

Unicode

သိပ္ပံပညာရှင်များ၊ စမ်းသပ်စခန်း၊ သွေးရည်ကြည်များ၊ ပြိုင်ဘက်ကင်း စမ်းသပ်ခံကောင် ခြေရာခံစက်..... ပြီးနောက် လန့်လင်၏ လျှို့လျှို့ဝှက်ဝှက် ပြောင်းလဲသွားသည့် စိတ်ခံစားချက်များ။

အရာအားလုံးက အဖြေတစ်ခုတည်းကိုသာ ညွှန်ပြနေသည်။

ရှစ်ချင်း၏စကားလုံးများက မမျှော်လင့်ဘဲ ချင်မော့အတွက် အရာအားလုံးကို ရှင်းလင်းပေးလိုက်သလို ဖြစ်သွားသည်။ သူအရင်ကလည်း သံသယဝင်ခဲ့ပေမဲ့ ၁၀၀ရာခိုင်နှုန်း ယုံကြည်ချက်ရှိနေခဲ့သည်တော့မဟုတ်။ များစွာသောစမ်းသပ်ချက်များကို ဖြတ်ကျော်လာခဲ့ပေမဲ့ လန့်လင်၏အပြုအမူများတွင် မည့်သည့်အပြစ်အနာအဆာမှ ရှိမနေခဲ့ချေ။ သူသံသယဝင်နေခဲ့လျှင်ပင် မည်သည့်သက်သေအထောက်အထားမှ မရှိသည့်အတွက် စွပ်စွဲဖို့ရာမသင့်တော်ပေ။

လန့်လင်၏ မည်သူမှမသိလောက်သည့် အပြုအမူများကို သူ၏ဓားမြှောင်လေး ရှစ်ချင်းက အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့လိမ့်မည်ဟု ချင်မော့ မျှော်လင့်မထားခဲ့ချေ။ ထိုအရာက ချင်မော့ကို သည်အခြေအနေနှင့်ပတ်သက်ပြီး ပိုမိုရှင်းရှင်းလင်းလင်း သိမြင်သွားစေခဲ့သည်။

ထို့နောက်ရုတ်ချည်းပင် ရှစ်ချင်းသည် နောက်ဆုံးတွင် သူ၏ရှည်လျားလှသည့် ပေါက်ပေါက်ဖောက်နေမှုများ ပြီးဆုံးသွားပြီး အဓိကအချက်သို့ ရောက်လာလေသည်။ သူ၏အစပိုင်း အတွေးတချို့က အနည်းငယ် လမ်းလွဲနေခဲ့သော်လည်း နောက်ဆုံးဝါကျမှာတော့ သော့ခတ်ထားသည့်တံခါးကို ရုတ်ချည်းဖွင့်လိုက်သည့် သော့တစ်ချောင်းလိုပင်။ မသင်္ကာစရာအရာများအားလုံးက ဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။

ထိုအချိန်တွင်တော့ ရှစ်ချင်းမှာ ကိစ္စများ ပြောင်းလဲသွားသည့်အပေါ် ကြောက်စရာကောင်းလောက်အောင် ရှော့ရနေလေသည်။ သူ၏မြင်နိုင်သည့်မြင်ကွင်းက ကျယ်ပြန့်သည်၊ ထို့ကြောင့် သူတို့ ငါးမီတာခြောက်မီတာမျှ ကွာဝေးနေလျှင်ပင် သူဆန္ဒရှိပါက လန့်လင်ကို အကြည့်တစ်ချက်ဖြင့်ပင် လှမ်းမြင်နိုင်၏။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Où les histoires vivent. Découvrez maintenant