RAAS Ch-2

1.1K 164 9
                                    

Unicode

"System ဖြစ်ရန်အမြန်ဆုံးလမ်းညွှန်" ကို အစအဆုံးပြီးအောင်ဖတ်ဖို့ ရှစ်ချင်း အချိန်အတော်ယူလိုက်ရသည်။ သူ၏နတ်ဘုရားလိုမြန်သည့် စာဖတ်နှုန်းကိုသာ ကျေးဇူးတင်ရမည်။ မဟုတ်လျှင် ခန်းရှီအဘိဓာန်လောက်ထူသည့် ဤစာအုပ်ကို တစ်သက်လုံး အချိန်ယူကာ ဖတ်နေရလိမ့်မည်။

ကံဆိုးလှစွာ သူ့တွင်တစ်ခါကြည့်ရုံဖြင့် မှတ်မိနေစေနိုင်သည့် ဉာဏ်ရည်မျိုးမရှိပေ။ ထို့ကြောင့် သတင်းအချက်များအားလုံးကို မြင်နေရသော်လည်း ဝေဝေဝါးဝါးသာ နားလည်၏။

အားလုံးကိုမှတ်မိနေဖို့လား? မဖြစ်နိုင်တဲ့အရာပဲ!

သူ၏လက်ရှိအခြေအနေအကြောင်းကို ပိုမိုလေ့လာပြီးသည့်နောက် ရှစ်ချင်း အနည်းငယ်သော စိတ်ကျရောဂါခံစားလိုက်ရသည်။ သည်Systemက အမှန်တကယ်ကို အံ့ဩဖို့ကောင်းသည်။ ဗိုက်ပြည့်စေမည့် အစားအစာရယူခြင်းလို အရိုးရှင်းဆုံးအရာကနေ ပစ္စည်းထောင်ပေါင်းများစွာကို ဖုန်းကွယ်ထားခြင်း၊ ကောင်းကင်ကိုဖီဆန်၍ စွမ်းအားတိုးပွားစေခြင်းများအားလုံး ခြုံငုံပြီးပါဝင်သည်။ ဤစာအုပ်ထဲ၌ မရေမတွက်နိုင်သော ကိရိယာတန်ဆာပလာများ၊ အသေးစားကိရိယာလေးများနှင့် အရုပ်များကိုပါ ရရှိနိုင်သည်။ သည်လိုအံ့အားသင့်ဖွယ်ကောင်းပြီး မိုက်လှသည့်ပစ္စည်းများဖြင့် သူအလွယ်တကူပင် ဆရာတစ်ဆူဖြစ်နိုင်ပေသည်။ အထက်တန်းလည်းဆန်သည်။ အရာအားလုံးကိုလည်း ထိန်းချုပ်နိုင်သည်။ ကမ္ဘာတွင်ရှိသောအရာမှန်သမျှ လစ်လပ်သည်ဟူ၍ ရှိလာလိမ့်မည်မဟုတ်။

တစ်ခုသာ...ရှစ်ချင်း ထိုတစ်ခုကိုသာ မခံမရပ်နိုင် ဖြစ်နေရသည်။ သူဘာကြောင့် လူတစ်ယောက် မဟုတ်ရတာလဲ?

လမ်းညွှန်စာအုပ်၏ မတူညီသည့် နေရာတော်တော်များများတွင် တည်ကြည်ရှင်းလင်းစွာ ဖော်ပြထားသည်က ရှစ်ချင်းက Systemကို အမွေအဖြစ် ရရှိထားကြောင်းဖြစ်သည်။ ထို့ကြောင့် သူ System ဖြစ်လာရသည်။ ဒါပေမဲ့... ဘာကြောင့်လဲ? သူကိုယ်တိုင်က systemဖြစ်နေလျှင် systemအတွင်းရှိ အရာဝတ္ထုများကို သူလိုသလို ရွှေ့ပြောင်းမရယူနိုင်ပေဘူးလား? ဆိုလိုသည်က သူကိုယ်တိုင်က systemဖြစ်နေလျှင်ပင် တစ်စုံတစ်ခုကိုရရှိဖို့ အမှတ်များဖြင့် လဲလှယ်ရန် လိုအပ်နေသေးသည်လား?

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora