RAAS Ch-19

564 114 29
                                    

Unicode

system spaceထဲမှ ထွက်လာပြီးနောက် အစစ်အမှန် ကျင့်ကြံခြင်းကမ္ဘာတစ်ခုအတွင်းရှိ (ချင်မော့၏ကမ္ဘာ) လက်တွေ့ဘဝ၏ နယ်နိမိတ်မျဉ်းပေါ်တွင် ရပ်တန့်လိုက်မိချိန်တွင်တော့ ရှစ်ချင်း သူ့ကိုယ်သူ ဘေးကျပ်နံကျပ် အခြေအနေတစ်ခုတွင် ပိတ်မိနေသည်အား တွေ့လိုက်ရသည်။ 

သူ့hostကို စစ်ဆေးကြည့်လိုက်တော့ သိသိသာသာပင် ပုံမှန်မဟုတ်ဘဲ ထိုသူ့နှလုံးသားထဲတွင် စိုးရိမ်ကြောင့်ကြမှုများ တိုးပွားလာနေသည်ကို တွေ့လိုက်ရသည်။

Host, ခေါင်းအစခြေအဆုံး အနက်ရောင်မြူတွေနဲ့ ဖုံးလွှမ်းနေပါရောလား! မင်းနှလုံးသားထဲက ရွှံ့စေးနက်တွေ ထွက်ကျနေပြီ အိုကေ!

ငါးမိနစ်ပဲရှိပါသေးတယ်၊ ဘာတွေဖြစ်ကုန်တာလဲ?

ဘယ်သူကများ hostရဲ့ဖက်ထုပ်လေးကို ဖောက်ပစ်လိုက်လို့ အတွင်းကနှမ်းစေ့တွေက ကျူးကျော်တိုက်ခိုက်ခံလိုက်ရသလို ပေါက်ထွက်ကုန်ပြီး နေရာအနှံ့ပြန့်ကျဲနေရတာလဲ?* တရားခံ မြန်မြန်ထွက်လာခဲ့ရင်ကောင်းမယ်နော်! မင်းအဖေငါ့ကို လာပြီး အပြစ်မခံခိုင်းနဲ့ကွ!
(*အတွင်းစိတ်ရိုင်းများ ပေါက်ကွဲထွက်လာသည်ဟုဆိုလို)

ရှစ်ချင်း သူ့အသိစိတ်ကိုထုတ်ကာ ပတ်ပတ်လည်တစ်ဝိုက်ကို စစ်ဆေးကြည့်ခဲ့ပေမဲ့ မည်သည့်တည်ရှိမှုကိုမျှ အမှန်တကယ် ရှာမတွေ့ခဲ့ချေ။ သူ့အကြည့်လားရာကို ရွှေ့ကြည့်လိုက်သည့်အခါ ချင်မော့၏လက်ထဲတွင် တစ်စုံတစ်ခုအား ဆုပ်ကိုင်ထားသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။ 

အဲဒီ မီးခိုးရောင်ပစ္စည်းက သူ့ကျောက်စိမ်းဆွဲပြားခန္ဓာကိုယ် မဟုတ်ဘူးလား?

Host, ဒီတော့ မင်းရဲ့'ကြင်နာတတ်တဲ့အကြည့်'က ဒီလိုပေါ့လေ?

ထိုသူ့အပေါ် အသေးစိတ်စစ်ဆေးချက်တချို့ လုပ်လိုက်သည်နှင့် ရှစ်ချင်း၏နှလုံးသားက စတင်ခုန်ပေါက်လာခဲ့ပြီး သူ့စိတ်ထဲတွင် နားလည်သဘောပေါက်မှု အသစ်တစ်ခုက ဖြတ်ပြေးသွားလေသည်။

ဖြစ်နိုင်သည်က..... သူ၏ အေးစက်သော်လည်း အံ့ဖွယ်ကောင်းသည့်hostက သူစွန့်ပစ်ခံလိုက်ရသည်ဟု တွေးမိသောကြောင့် စိတ်ဆိုးသွားသည်လား? အေးစက်၊ မှောင်မိုက်ကာ အုံ့မှိုင်းနေသည့်ဂူတစ်လုံးထဲတွင် သူအပစ်ခံခဲ့ရသည်။ သူက တစ်ယောက်တည်းဖြစ်နေကာ အဖော်မဲ့နေခဲ့ပြီး၊ ချို့တဲ့ကာ သနားဖို့ကောင်းနေလေသည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin