RAAS Ch-3

827 156 14
                                    

Unicode

အဆုံးမှာတော့ ဤသည်ကမှ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြားက အမှန်တရား ဖြစ်နေခဲ့၏။

ချင်မော့၏အမေဖြစ်သူ ယွဲ့နျန်တွင် အလွန်တရာ ရှားပါးလှပြီး မိစ္ဆာကျင့်ကြံသူများ အသုံးပြုရန် အကောင်းဆုံးဖြစ်သည့် ထူးကဲသည့် ခန္ဓာကိုယ်ရှိ၏။ သူမက ပြီးပြည့်စုံသည့် လူသားမီးပြင်းဖိုတစ်ခု ဖြစ်နေခဲ့သည်။
(T/N:လူသားမီးပြင်းဖို= ပေါင်းဖက်ခြင်းဖြင့် စွမ်းအင်တက်စေနိုင်သည့် ခန္ဓာကိုယ်)

လုကျိုးယွမ်က သူမ၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူက သူမ၏ခန္ဓာကိုယ်ကို လိုချင်စိတ်ပြင်းပြပြီး စိတ်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းကို အသုံးပြုကာ အတင်းအကြပ် အရယူခဲ့သည်။

သူမခန္ဓာကိုယ်၏ နူးညံ့မှုက လုကျိုးယွမ် မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။ သို့ပေမဲ့ အကျိုးအမြတ်များက တစ်ကြိမ်တစ်ခါသာလျှင် ရရှိနိုင်ပေသည်။

သူမကို တစ်ကြိမ်အသုံးပြုလိုက်ပြီးသည်နှင့် နောက်ထပ်သော ကြိုးပမ်းမှုများက သူ၏ကျင့်ကြံခြင်းလမ်းကြောင်းအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျိုးမှ ရှိလာတော့မည်မဟုတ်။ အကြိမ်ကြိမ်ရယူနိုင်သည့် အရာမဟုတ်သည်ကို သူမသိခင်လေးတွင်ပင် အရာအားလုံးက ဖြစ်ပျက်သွားခဲ့ပြီးဖြစ်၏။

လုကျိုးယွမ်မှာ အချစ်နောက် တကောက်ကောက်လိုက်နေဖို့ ဆန္ဒရှိသူမဟုတ်။ သူက အဆုံးမဲ့သည့် စွမ်းအားနောက်ကိုသာ လိုက်ဖို့ ဆန္ဒရှိနေသူဖြစ်၏။ ယွဲ့နျန်၏ ရပ်သပ်ရှုမောဖွယ် အလှကပင် သူ့အား ဖြားယောင်းသွေးဆောင်ခြင်းဌာ မတတ်နိုင်ဘဲ ကျရှုံးခဲ့ရလေသည်။

သူနောင်တရသည့် တစ်ခုတည်းသောအရာမှာ ယွဲ့နျန်၏ ကျင့်ကြံဆင့်နိမ့်နေခြင်းသာ ဖြစ်၏။ သူမကို တစ်ကြိမ်တစ်ခါ အသုံးပြုပြီး ကျင့်ကြံဆင့်နောက်တစ်ဆင့်သို့ အလျင်အမြန် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပေမဲ့ သူက ရင်းမြစ်များကို အလဟဿ ဖြုန်းတီးမိသည်ဟုလည်း တွေးထင်နေခဲ့သည်။ အခွင့်အရေးသာ နောက်တစ်ကြိမ်ရမည်ဆိုပါက သူက ယွဲ့နျန်၏ကျင့်ကြံဆင့် မြင့်‌လာအောင် အရင်လုပ်ပေးပြီးမှ အကျိုးအမြတ်များကို ရိတ်သိမ်းမည်ဖြစ်သည်။ သို့မှသာ သူမခန္ဓာကိုယ်ကို သုံးဆောင်သည့်အခါ တန်ဖိုးအမြင့်ဆုံးကို ရရှိမည်ဖြစ်သည်။ အကယ်၍များ ထိုအခွင့်အရေး တကြိမ်မျှရပါက သင့်လျော်သည့်အခြေအနေဖြင့်သာ ပြီး‌မြောက်စေမည်ဖြစ်၏။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora