Unicode
ချင်မော့၏မေးခွန်းကို စည်းချက်တစ်ဝက်စာမျှ နောက်ကျပြီးမှ ရှစ်ချင်းနားလည်သွားသည်။
ဘာကြောင့် ထိုသူ့ကမ္ဘာကို သူနဲ့အတူ ပြန်လိုက်သွားမိတာလဲ?
အမှန်တကယ်အားဖြင့်ဆိုလျှင် system spaceကနေ ချင်မော့ ထွက်ခွာပေးရန် လိုအပ်သည်ဆိုသော်လည်း systemဖြစ်သည့် သူ့အနေဖြင့် ထိုသို့ပြုလုပ်ရန် မလိုအပ်ချေ။ ကျောက်စိမ်းဆွဲပြားထဲလည်း ဝင်နေစရာလုံးဝမလိုသလို၊ ချင်မော့ကိုလည်း အဖော်ပြုပေးဖို့မလိုဘဲ system spaceထဲတွင် ဆက်နေနိုင်လေသည်။
ထိုအခိုက်အတန့်တုန်းက သူ့ရဲ့ပထမဆုံးအတွေးမှာ ချင်မော့နောက်ကို လိုက်သွားဖို့ပင်။ ___ဘာကြောင့်လဲ? တစ်ခဏမျှ စဉ်းစားခန်းဝင်ပြီးနောက်မှာတော့ ရှစ်ချင်း အမှန်တရားကို ထုတ်ပြောလိုက်တော့သည်။
"မတော်တဆ မင်းတစ်ခုခုဖြစ်သွားမှာကြောက်လို့"
"အင်း?"
ချင်မော့က မျက်လုံးတွေကို ဆက်မှိတ်ထားဆဲဖြစ်ပြီး သူ့အမူအရာက ရှစ်ချင်း ဆက်ပြောလာမည့် စကားများကို စောင့်ဆိုင်းနေပုံပေါ်နေသည်။
ထိုမျှော်လင့်ချက်လေးများကို စိတ်ပျက်သွားအောင် မလုပ်ချင်သည့်စိတ်ကြောင့် ရှစ်ချင်း ပိုပိုလိုလိုထပ်ရှင်းပြလိုက်သည်။
"......မင်းသေသွားရင်၊ ငါတစ်ယောက်တည်း ဒီနေရာမှာ နှစ်ငါးရာနေနေရမှာ"
သူ့ဦးဏှောက်က နောက်ဆက်တွဲအကျိုးဆက်များကို မချင့်ချိန်နိုင်သေးခင်ပင် ရှစ်ချင်း၏ပါးစပ်က ဖွင့်ဟပြီးနေလေပြီ။ သူ့မျက်နှာသူ အသားကုန်သာ ရိုက်ပစ်လိုက်ချင်တော့တာပဲ! ရှစ်ချင်းမှာ နောင်တတရားများဖြင့် ပြည့်နှက်နေတော့သည်။ နောက်ထပ်တစ်ကြိမ် စကားလုံးများဖြင့် ကောင်းမွန်သည့်အမြင်တစ်ခု ချန်ထားနိုင်မည့်အခွင့်အရေးနှင့် လွဲချော်သွားခဲ့ပြန်သည်။ သူ ချင်မော့နှင့်ပတ်သက်ပြီး လုံးဝကိုကရုဏာဖြစ်ကာ မခံမရပ်နိုင်အောင် နာကြည်းဒေါသထွက်နေပုံ၊ စိုးရိမ်ပူပန်နေပုံတွေကို ဖော်ပြခဲ့သင့်သည်။ ပြီးလျှင် ထိုစိတ္တဇကောင်၏နှလုံးသားထဲကို ဝင်နိုင်ရန်ကြိုးစားကာ ထိုသူနှင့်သူငယ်ချင်းဖြစ်လာရန် ကြိုးစားနိုင်သည်။
VOCÊ ESTÁ LENDO
RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)
Ficção GeralName - REBORN AS A SYSTEM Original Author - Long Qi (龙柒) Associated Name - 重生成系统 Type - Web Novel Chapters- 103 (completed) Update schedule - once a week This is just a translation. I own nothing ya! Full credit goes to original Author and English T...