RAAS Ch-4

747 145 13
                                    

Unicode

ချင်မော့လက်ခံပြီးသည်နှင့် စာချုပ်က ချုပ်ဆိုပြီးသွားခဲ့ပြီဖြစ်သည်။

ထို့နောက် ငွေဖြူရောင်အလင်းတန်းများ ဝန်းရံ၍ လူတစ်ယောက်နှင့် ဝိဉာဉ်တစ်ကောင်တို့သည် systemဟင်းလင်းပြင်ထဲသို့ အတူတကွ ရောက်ရှိလာကြသည်။

ချင်မော့၏ ခန္ဓာကိုယ်က အားနည်းနေသေးသော်လည်း သူက အမှန်တကယ်အားဖြင့် အားနည်းသည့်ပုံ ပေါက်မနေပေ။ သူ့အရပ်က အလွန်ရှည်ပြီး နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းကြောင့် သူ့ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ သာမန်လူများထက် ပို၍သာလွန်နေပေသည်။

ချင်မော့က အလွန်ပြိုင်ဘက်ကင်းသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သူ့ခန္ဓာကိုယ်ပေါ်တွင် ရေကဲ့သို့ဖြာကျနေသော်လည်း ယခုအချိန်တွင်တော့ ၎င်း၏မဲမှောင်နေသည့်အရောင်ကြောင့် မီးခိုးများကပ်နေသည့်ပုံပေါက်နေလေသည်။ ထိုအရာကပဲ သူ၏ဖြူဖျော့နေသည့် အသားအရည်ကို ပိုပြီးတော့တောင် တောက်ပနေစေခဲ့သည်။ သူ၏ဖြောင့်မတ်နေသည့် အမူအရာနှင့် တွဲမြင်ကြည့်လိုက်ပါက အမှန်တကယ်ကို ထူးဆန်းသော်လည်း ယဉ်ကျေးသိမ်မွေ့နေဆဲဖြစ်သည့် ညှို့ဓာတ်ကို ပိုင်ဆိုင်ထားသလို ထင်ရစေသည်။

ရှစ်ချင်း စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ အမတလမ်းစဉ်ကို နှစ်ပေါင်းများစွာ လိုက်စားခဲ့သည် လူတစ်ယောက် ဤနေရာတွင် ရှိနေလေပြီ။ နောက်ပိုင်းတွင် မိစ္ဆာလမ်းစဉ်ဘက်သို့ ယိမ်းယိုင်ခဲ့သော်လည်း သူ့တွင် သူတော်ကောင်းတရားကျင့်ကြံသူ အမတတစ်ယောက်လို အမူအယာမျိုး ရှိနေသေးတုန်းဖြစ်၏။ သာမန်လူများနှင့် ယှဉ်လိုက်ပါက ထိုသူက အလွန်တရာ ကွဲထွက်နေပေသည်။

ရှစ်ချင်းက ချင်မော့ စကားပြောလာမည်ကို စောင့်မနေတော့ဘဲ ချက်ချင်းပင် မိမိကိုယ်ကို စတင်မိတ်ဆက်လိုက်သည်။

"ငါက System No.89757ပါ။ အာ...မင်းငါ့ကို ရှစ်ချင်းလို့လည်း ခေါ်နိုင်ပါတယ်။ ငါ့ကိုမင်းရဲ့ သီးသန့်မူပိုင် systemအဖြစ် တွေးလို့ရတယ်။ တာဝန်တစ်ခါ ပြီးမြောက်ပြီးတာနဲ့ နောက်ဆက်တွဲ တာဝန်အသစ်ထုတ်ပြန်တာ၊ အထောက်အပံ့တွေ ထုတ်ပေးတာတွေအတွက် အခုကစပြီး ငါ့မှာတာဝန်ရှိသွားပြီ"

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora