Unicode
လန့်လင် သေသွားလေပြီ၊ သူတို့နားထဲတွင် စက်ရုပ်သံတစ်သံက တာဝန်ပြီးဆုံးသွားပြီဖြစ်ကြောင်း အသိပေးလာသည်။ သို့သော်ငြား ရှစ်ချင်း သူ့နှလုံးသားထဲတွင် မည်သည့်စိတ်လှုပ်ရှားမှုကိုမျှ မခံစားရချေ။ သူ့ခေါင်းထဲတွင် ယခု မျက်မြင်ကြုံလိုက်ရသည့် မြင်ကွင်းဖြင့်သာ ပြည့်နှက်နေ၏။
ထိုကဲ့သို့ပုံစံဖြင့် ချင်မော့ကို သူအရင်က တစ်ခါမှမမြင်ဖူးခဲ့.... စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အပြုံးလေးဖြင့် နှိပ်စက်နေသည်က လန့်လင်ကို လုံးဝကြေမွသွားစေခဲ့သည်။ သူတို့သည် ကြောက်ရွံ့ခြင်းမှ ရူးသွပ်သွားပြီး နောက်ဆုံးထွက်သက်အထိ ပြိုလဲကာ စိတ်ပျက်အားလျော့သွားသည့် ထိုသူ့အား ကြည့်နေခဲ့ကြသည်။
ဤကဲ့သို့သော တစ်စုံတရာ ဖြစ်ပွားလာမည်ကို ရှစ်ချင်း အရင်ကတည်းက ကြိုသိပြီးသားပင်၊ ထို့ကြောင့် သူ့ကိုယ်သူ မရေမတွက်နိုင်သည့် ကြိုတင်စိတ်ပြင်ဆင်မှုများပင် ပြုလုပ်ခဲ့သည်။ ချင်မော့၏အတွေ့အကြုံများက သူ့စိတ်ပိုင်းဆိုင်ရာကို သာမန်လူများနှင့် လုံးဝကွဲထွက်စေခဲ့သည်။ သူကလူ့အသက်များကို ပေါင်းပင်မြက်ပင်များကဲ့သို့သာ သဘောထားပြီး ကောက်ရိတ်သိမ်းသလိုပင် လူများကိုသတ်ဖြတ်ခဲ့သည်။ သူက လူများကို အပျော်သဘောပင် နှိပ်စက်လိုက်သေးသည်။ သူထိုစကားများကို သူ့နှလုံးသားထဲတွင် ထပ်ခါထပ်ခါ ခတ်နှိပ်ထားပါသော်လည်း တကယ့်တကယ် မျက်စိရှေ့တွင် ကြုံလာရသည့်အခါ ထိုစကားလုံးများ၏နောက်ကွယ်မှ အမှန်တရားက မည်မျှရက်စက်ကာ ကြောက်စရာကောင်းသည်ကို ချက်ချင်းသိလိုက်ရသည်။
ထိုကဲ့သို့သော စရိုက်သဘာဝရှိသည့် လူတစ်ယောက်က အမှန်ပင် လူများအား ကြောက်လန့်ခြင်းများဖြင့် ပြည့်နှက်သွားအောင် လုပ်နိုင်စွမ်းသည်။
ရှစ်ချင်း အတွေးထဲတွင် နစ်မြုပ်နေ၏၊ သူ့နှလုံးသားထဲရှိ တလိပ်လိပ်တက်လာသည့် စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ရန် ခက်ခဲနေသည်။
ချင်မော့ လန့်လင်ကိုသတ်ခဲ့သည်။ ထို့နောက် သူလုပ်လိုက်သည့် ပထမဆုံးအရာက လီစုလက်ထဲရှိ ပျက်စီးနေသည့် ဓားမြှောင်လေးကို ကုန်းကောက်လိုက်ခြင်းပင်။ သူက ထိခိုက်မိထားသည့် ဓားမြှောင်လက်ကိုင်အား အသာအယာ ပွတ်သပ်လိုက်သည်၊ သူ့လှုပ်ရှားမှုများက ညင်သာကာ ဂရုတစိုက်ရှိလှသည်။ သို့ပေမဲ့ နောက်တစ်ခဏတွင် သူက ဓားမြှောင်အား သူ့လက်ဖဝါးထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏၊ အကြားအလပ်တစ်နေရာမှပင် မရှိချေ။

ВЫ ЧИТАЕТЕ
RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)
Художественная прозаName - REBORN AS A SYSTEM Original Author - Long Qi (龙柒) Associated Name - 重生成系统 Type - Web Novel Chapters- 103 (completed) Update schedule - once a week This is just a translation. I own nothing ya! Full credit goes to original Author and English T...