Unicode
ဒီမက်ဆေ့ဂျ်မှာ သတင်းအချက်အလက်တွေ အများကြီးပါနေတာပဲ! ဘယ်နေရာကနေ ထွက်လာမှန်းမသိသည့် ထိုဇွန်ဘီးက တကယ်တမ်းတွင် အစမ်းသပ်ခံကောင်ဖြစ်နေခဲ့သည်။ တိုက်ခိုက်ရာတွင် သူတို့နိုင်ခဲ့ပြီး ၎င်းကိုသတ်ပစ်နိုင်ခဲ့ရုံသာမက အရန်တာဝန်ကို ထမ်းဆောင်နိုင်သည်အထိ ကံကောင်းလွန်းနေခဲ့သည်။
ဒုတိယမစ်ရှင်အနေဖြင့် အလုပ်တွေထပ်တိုးလာသည်ဆိုပေမဲ့ ပြီးမြောက်သွားခဲ့လျှင်တော့ point 5000ရရှိမှာဖြစ်သည်။ ထိုအရာက တခြားမစ်ရှင်ငါးခုကို ပြီးမြောက်လျှင်ရမည့်အမှတ်နှင့် ညီမျှနေသည်။ ရှစ်ချင်း နောက်ဆုံးတော့ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်ကြီးတစ်ခုကို အမှတ်များနှင့် လဲလှယ်နိုင်တော့မည်။ ခင်ဗျားတို့လည်း အဲဒီလိုထင်တယ်မဟုတ်လား!?
ရှစ်ချင်းက ဖုံးဖိမရအောင်ကို စိတ်လှုပ်ရှားနေမိသည်။ ကံဆိုးသည်က system၏စာပေးစာယူစနစ်က မစ်ရှင်တာဝန်များနှင့် သက်ဆိုင်သည့် ညွှန်းဆိုချက်များကို အသိပေးရာတွင်သာ အသုံးပြုနိုင်သည်၊ သူတို့ချင်းစကားပြောဖို့ရာ သုံးလို့မရချေ။ လက်ရှိအချိန်တွင် ချင်မော့အနားတွင် လူများစွာဝန်းရံနေသည်။ သူကဓားမြှောင်ဖြစ်နေဆဲဖြစ်တာကြောင့် မရပ်မနားစကားပြောနေဖို့က သူ့အတွက်အဆင်မပြေပေ။
ဟေးး စကားများတစ်ယောက်အတွက်တော့ ဒါကြီးက ရင်နာဖို့ကောင်းလွန်းတယ်လို့။
နောက်ဆုံးတွင် ရှစ်ချင်း ထိုမက်ဆေ့ဂျ်၏ နောက်ဆုံးအဆုံးသတ်နားလေးကို သတိထားမိသွားသည်။ ၎င်းတွင် သူတို့ တာဝန်၏သုံးပုံတစ်ပုံ ပြီးမြောက်ပြီးခဲ့ပြီဟု ဖော်ပြထားသည်။ ဒီစာကြောင်းက အချို့ကိစ္စများကို ညွှန်းဆိုထားသည်။ ထိုအရာများက အစမ်းသပ်ခံကောင်သုံးကောင်လား? သူတို့တစ်ကောင်ကို သတ်ခဲ့ပြီး၊ တစ်ကောင် လွတ်မြောက်သွားခဲ့သည်။ တစ်ကောင်က ထွက်ပေါ်မလာခဲ့။
ကြည့်ရသည်မှာ ဤအရန်တာဝန်က သိပ်မခက်ခဲသည့်ပုံပင်။
လန့်လင်က တခြားအဖွဲ့ဝင်များနှင့်အတူ အမြန်လျှောက်လာပြီး အကြည့်တစ်ချက်ဖြင့်ပင် အခြေအနေများကို မြင်တွေ့သွားသည်။ ကွန်တိန်နာအောက်တွင်ပိနေသည့် ဘာမှန်းမသိသည့် ခန္ဓာကိုယ်တစ်ခုက လုံးဝစိစိညက်ညက် ကြေနေချိန်တွင် ချင်မော့က အကောင်းပကတိဖြစ်နေပြီး မည်သည့်ဒဏ်ရာမျှရမနေချေ။
![](https://img.wattpad.com/cover/227577488-288-k201349.jpg)
VOCÊ ESTÁ LENDO
RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)
Ficção GeralName - REBORN AS A SYSTEM Original Author - Long Qi (龙柒) Associated Name - 重生成系统 Type - Web Novel Chapters- 103 (completed) Update schedule - once a week This is just a translation. I own nothing ya! Full credit goes to original Author and English T...