RAAS Ch-18

499 110 15
                                    

Unicode

သူတို့ system spaceမှ ချင်မော့၏ကမ္ဘာသို့ ရွှေ့ပြောင်းလိုက်သည့်အခါ ကောင်းကင်ဘုံတွင် စံစားနေရင်းက ငရဲကိုပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ မစ်ရှင်ထမ်းဆောင်နေစဉ် ကာလတလျှောက်လုံး အချိန်ကရပ်တန့်နေ၏။ ထို့ကြောင့် သူတို့ထိုကမ္ဘာသို့ ပြန်ရောက်သည့်အခါ ချင်မော့က နက်မှောင်ကာ တိုက်စားတတ်သည့် ဆေးရည်များရှိသည့် စည်ပိုင်းထဲတွင် ရှိနေဆဲဖြစ်သည်။

ချင်မော့ မည်ကဲ့သို့ခံစားနေရသည်ကို သူပြောပြစရာပင်မလိုခဲ့၊ ရှစ်ချင်းကိုယ်တိုင်ပင်လျှင် ဆေးရည်၏ အကျိုးသက်ရောက်မှုများထံမှ တောင့်ခံနိုင်ဖို့ရာ သူ၏အားအင်အကုန်လုံးကို အသုံးပြုနေရသည်။ နာကျင်မှုက သေလောက်အောင် ကြောက်စရာကောင်းသည်, __သူ၏အရိုးများထိတိုင် ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ပင်။

ချင်မော့က နေရာရွှေ့ပြောင်းစာလိပ်အတွက် pointတချို့ကို အသုံးပြုလိုက်ပြီးကတည်းက ထိုအရာကို ချက်ချင်းသုံးကာ ထွက်ပြေးလွတ်မြောက်အောင် လုပ်မည်ဆိုသည်ကို ရှစ်ချင်း သေချာသိသည်။ နာကျင်မှုက လူတစ်ယောက် စိတ်လွတ်သွားဖို့ရာ လုံလောက်ပေသည်။

သူ့မျှော်မှန်းချက်များနှင့် ဆန့်ကျင်လျက် ချင်မော့က ထွက်မသွားခဲ့ချေ။ ကနဦးနာကျင်မှုကို ခံစားပြီးနောက် သူက စည်ပိုင်း၏အစွန်းတစ်ဖက်ကို တိတ်တဆိတ်မှီထိုင်ကာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများကို စုတ်ပြဲသွားစေနိုင်သည့် ဆေးရည်များကို တည်တည်ငြိမ်ငြိမ်ဖြင့် စိမ်နေတော့သည်။

တစ်ဖက်တွင်ရပ်နေသည့် လုကျိုးယွမ်မှာတော့ ချင်မော့တွေ့ကြုံနေရသည်အား တစ်ခုမျှမသိချေ။ အစမှအဆုံးထိတိုင် ချင်မော့၏ တည်ငြိမ်ကာ လှုပ်ရှားမှုမရှိသည့် သွင်ပြင်ကိုသာ သူတွေ့မြင်နေခဲ့ရသည်။ တကယ်တော့ သူတစ်ခဏမျှ စိုးရိမ်ကြောင့်ကြခဲ့ရသည်။ ချင်မော့တွင် ထိုမျှသန်မာသည့် စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးရှိနေမည်ဟု မျှော်လင့်မထားခဲ့သောကြောင့်ပင်။ ထိုမျှရက်စက်လှသည့် ညှင်းပန်းနှိပ်စက်မှုကို သူ့ကို လုပ်ခွင့်ပြုထားခဲ့သည်။

RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)Where stories live. Discover now