Unicode
ချင်ယွဲ့က ချင်မော့၏အမေတူအဖေကွဲညီဖြစ်ပြီး ချင်ကျန်းကျွင်းနှင့် ယွဲ့နျန်တို့၏သားဖြစ်သည်။
ချင်ယွဲ့အား နှစ်အတော်ကြာမှ မွေးဖွားခဲ့ခြင်းဖြစ်သည်၊ ချင်မော့ပင် အရွယ်ရောက်စအရွယ်ပင် ဖြစ်နေခဲ့လေပြီ။ ဆိုလိုသည်က ချင်မော့ ကျင်းတန်အဆင့်သို့ ရောက်ချိန်တွင် ထိုသူမှာ မွေးကာစအရွယ်ပင် ရှိသေးသည်။
ကျင့်ကြံမှုပြုခြင်းကြောင့် ရှည်ကြာသည့်သက်တမ်း၊ စွမ်းအားပြည့်ဝသည့်ခန္ဓာကိုယ်၊ မည်သည့်အသက်အရွယ်တွင်မဆို ကလေးယူနိုင်စွမ်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ချင်မော့နှင့်ချင်ယွဲ့တို့ နှစ်နှစ်ဆယ်လောက် ကွာနေသည်ကိုမဆိုထားနှင့် နှစ်ရှစ်ဆယ်မျှကွာသည့် ညီအစ်ကိုများပင် ရှိနေကြသေးသည်။
မှန်သည်၊ ကျွမ်းကျင်ကျင့်ကြံသူအများစုအတွက်တော့ ကလေးယူဖို့ရာ အလွန်အမင်းအလားအလာမရှိချေ။ သူတို့သာ အမှန်တကယ် ကောင်းကင်ဘုံသို့ တက်လှမ်းပြီး ထာဝရရှင်သန်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းချင်ပါက သူတို့၏နှလုံးသားများကို ရှင်းထားဖို့ရာအရေးကြီးသည့်အပြင် လောကီရေးရာ စိတ်အနှောင့်အယှက်များနှင့် သူတို့အား ဆွဲထားမည့်ထိုအရာများအား ရှင်းရှင်းလင်းလင်း ဖြတ်တောက်ထားဖို့ရာ လိုအပ်သည်။ နှစ်ကိုယ်တူကျင့်ကြံခြင်းက အဆင့်တက်ဖို့ရာ အသက်သာဆုံးနှင့် အလျင်မြန်ဆုံး နည်းတစ်ခုသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရရှင်သန်ခြင်း၏ နောက်ဆုံးအဆင့်ကိုရောက်သည့် အချိန်ရောက်လျှင် များသောအားဖြင့် ၎င်းက တစ်ယောက်တည်းလျှောက်လှမ်းရမည့် ခရီးတစ်ခုဖြစ်သောကြောင့်ပင်။
ကျင့်ကြံသူများအတွက်မူ ကလေးရှိခြင်းက အလွန်အန္တရာယ်များ၏။ အထူးသဖြင့် မိခင်မှာ ကလေးသန္ဓေတည်သည်နှင့် ထိုကလေးအား သူတို့၏ကိုယ်ပိုင်စွမ်းအင်ဖြင့် ထောက်ပံ့ပေးရပေလိမ့်မည်။ ကလေးမီးဖွားသည့်အချိန်တွင်တော့ မရေတွက်နိုင်သည့် ခက်ခဲမှုများကိုခံစားကာ တည်ဆောက်ခဲ့ရသည့် ကျင့်ကြံမှုများက ပျက်စီးသွားမည်ဖြစ်ပြီး ကျင့်ကြံဆင့်တစ်ဝက်လောက်အထိ လျော့ကျသွားမည်ဖြစ်သည်။ ပေးဆပ်ရသည့်တန်ကြေးက အလွန်ကြီးလေးလှ၏။

ESTÁS LEYENDO
RAAS:Systemအဖြစ်ပြန်လည်မွေးဖွားခြင်း (ဘာသာပြန်)
Ficción GeneralName - REBORN AS A SYSTEM Original Author - Long Qi (龙柒) Associated Name - 重生成系统 Type - Web Novel Chapters- 103 (completed) Update schedule - once a week This is just a translation. I own nothing ya! Full credit goes to original Author and English T...