4#မင်းသမီးဖြစ်ဖို့မွေးလာတာ(2)#
ရွှီရှီယန်သည် အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးလို့ ကောလိပ်တောင်တက်နေပြီဖြစ်သည်။
သူမအရည်အချင်းနှင့်အနေအထားအရ သူမသာ မင်းသမီးဖြစ်ချင်လျှင် ဖြစ်နိုင်သော်လည်း သူတို့က သူမကို ဖျော်ဖြေရေးလောကထဲဝင်ခွင့်မပြုခဲ့ကြပေ။ သူမ ဖျော်ဖြေရေးလောကထဲမဝင်ခြင်းအားဖြင့် ရွှီရှင်းရုန်၏ပြိုင်ဖက်ကိုဖြုတ်ချပြီးသားဖြစ်သွားသည်။ထို့အပြင် သူမကိုယ်တိုင်ကလည်း သူမအမေ၏သေဆုံးမှုကြောင့် ထိုစီးပွားရေးလုပ်ငန်းကိုမုန်းတီးနေခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရွှီရှီယန်သည် အနုပညာကောလိပ်သို့တက်ရောက်ခြင်းမရှိဘဲ ဘေကျင်းတက္ကသို်လ်ရှိ တရုတ်ဘာသာနှင့် စာပေဌာနမှာသာ တက်ရောက်ေနခဲ့သည်။
အရှိန်အဟုန်ဖြင့်တောက်လောင်နေသော ရွှီကျင်းရှန်း၏ဒေါသကို ရွှီရှင်းရုန်က လောင်စာထပ်ထည့်သည်။
"အဖေ ညီမလေးကိုမဆူပါနဲ့တော့ ညီမလေးက မုန့်ဖိုးမလောက်လို့ အစွန်းရောက်တဲ့အထိဖြစ်သွားတာနေမှာပါ ဒီအတွက်သမီးတို့သူ့ကိုအပြစ်မတင်သင့်ပါဘူး နောက်ပိုင်း မုန့်ဖိုးများများပေးရအောင်ပါနော်''
ဒီကြာပန်းဖြူမကတော့...
ရွံဖို့ကောင်းအောင် လာကစားပြနေတယ်...
"မင်း ဘယ်လောက်တောင်လိုချင်လို့လဲ ဟမ်... ငါတို့မှာပိုက်ဆံမလောက်ငှ လို့လား... မင်း...မင်း ငွေအတွက်နဲ့ ခန္ဓာကိုယ်ကို ရောင်းစားရသလား...မင်းကတော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ''
ရွှီကျင်းရှန်း ၏ နောင်တအကြီးအကျယ်ရနေတော့သည်။ တကယ်တော့ သူသည်လည်း သူတို့ပူးပေါင်း၍ကြံစည်ခဲ့သော စက်ဆုပ်ဖွယ်မကောင်းမှုကြီးကို ဖုံးကွယ်ရန် ရွှီရှင်းရုန်နှင့်အတူသရုပ်ဆောင်နေခြင်းဖြစ်ပါသည်။ တမင်သက်သက် ရွှီရှီယန်အပေါ်သာ အပြစ်ပုံချနေခြင်းပင်။
အဖြူကိုအမဲလုပ် အမဲကိုအဖြူလုပ်၊ အမှားကိုအမှန် အမှန်ကိုအမှားဖြစ်အောင် ကလိမ်စေ့ဉာဏ်ဆင်နေခြင်းသာဖြစ်သည်။"ဟုတ်ပါပြီ ဟုတ်ပါပြီ...အဖေ သမီးအတွက်ပေးတဲ့ လောက်လောက်ငှငှက ဘယ်လောက်များလဲနော်...''
YOU ARE READING
အဖိုးတန်လေးရဲ့ဖေဖေကြီး
RomanceName>>Priceless baby's super daddy Translator>>Flamingo(me😁) သူဆိုတာ လိုချင်တာအားလုံးကိုရနိုင်တဲ့ ဖျော်ဖြေရေးလောကရဲ့ဘုရင်တစ်ပါး။ နှစ်ပေါင်းများစွာ singleဖြစ်နေပြီး အရှုပ်အရှင်း ကင်းတဲ့သူ... တစ်နေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ မိန်းကလေးငယ်လေးတစ်ယောက် သူ...