35

1K 112 8
                                    

35#နောက်ဆုံးတော့ ပြန်စာ ရခဲ့ပြီ#

ဝမ်တာ့ကျီက ကွန်ပျူတာကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူမ၏မေးခွန်းအချို့ကိုပြန်ဖြေနိုင်လိမ့်မည်ဟု ရွှီရှီယန်တွေးလိုက်ပြီး...

"တာ့ကျီ ကျွန်မရှင့်ကိုတစ်ခုလောက်မေးချင်လို့...အကောင့် အဟက်ခံရရင် ပြန်ယူလို့ရလား''

ထိုအရာသည် ဝမ်တာ့ကျီအတွက်တော့ ကိတ်မုန့်စားရသလိုလွယ်ကူနေသည်။

"ဒါပေါ့ ပြန်ယူလို့ရတယ်လေ''

"တကယ်လား''

ရွှီရှီယန်ဝမ်းသာသွားသည်။

"ကျွန်မသုံးတဲ့အကောင့် အဟက်ခံလိုက်ရလို့ ပြန်ယူပေးနိုင်မလား''

"ရတာပေါ့ မင်းအကောင့် အိုင်ဒီပေးလေ ကွန်ပျူတာပြင်ပြီးသွားရင် လုပ်ပေးမယ်''

ရွှီရှီယန် သူမ၏အကောင့်အိုင်ဒီကို မှတ်စုစာရွက်လေးတွင်ရေးပြီး ဝမ်တာ့ကျီကိုပေးလိုက်သည်။ ဝမ်တာ့ကျီသည် စာရွက်ကိုယူပြီး ဖန်ရှောင်းချန်၏စာကြည့်ခန်းထဲဝင်သွားခဲ့သည်။

ပတ်ဝန်းကျင်မှာ အိုင်တီသမားတစ်ယောက်ရှိနေတာက တကယ့်ကိုကွဲပြားသည့်ခံစားချက်ဖြစ်ပေါ်စေသည်။ နာရီဝက်အတွင်းမှာပဲ ဝမ်တာ့ကျီသည် ကွန်ပျူတာပြင်ပြီးရုံသာမက လိုက်ဗ်လွှင့်ဖို့လိုအပ်တဲ့ ကိရိယာတွေပါထည့်သွင်းပြီးပြီဖြစ်သည်။ ထို့အပြင် ရွှီရှီယန်၏ အကောင့်ကိုလည်း ပြန်ရယူပြီးပြီဖြစ်သည်။

သူအခန်းထဲမှထွက်လာပြီးနောက် ရွှီရှီယန်ကို မှတ်စုစာရွက်အသေးလေး ပေးလိုက်သည်။

"ဒါက လျှို့ဝှက်နံပါတ်အသစ်ပါ ငါ့ဘာသာသာငါပေးထားလိုက်တာ အကောင့်ပြန်ဝင်ပြီးမှ နံပါတ်ပြန်ပြောင်းလိုက်ပေါ့''

"အိုခေ ကျေးဇူးအများကြီးတင်ပါတယ် တာ့ကျီ''

"ရပါတယ်ဗျာ''

ဝမ်တာ့ကျီသည် သူ့နောက်စေ့ကို ခပ်ကြမ်းကြမ်းကုတ်လိုက်သည်။

ရွှီရှီယန် အကောင့်ဝင်ပြီး လျှို့ဝှက်နံပါတ် အသစ်ပြောင်းလိုက်သည်။ ပြီးမှ မူလစာမျက်နှာသို့ပြန်သွားပြီး စစ်ဆေးလိုက်သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now