20#အနည်းငယ်စိတ်ဖိစီး#
လွန်ခဲ့သောရက်အနည်းငယ်က ပိုင်ယွမ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး ချင်ရွှေ က
'ကောင်းကင်ဘုံက အကြီးအကျယ်ဆုံး ပျော်ရွှင်မှုကျရောက်လာလိမ့်မယ်' လို့ နိမိတ်ဖတ်ခဲ့သည်မှာ အံ့သြစရာမရှိတော့...ဒီအချိန်မှာတော့ ဟော်ယွင်ရှန်းတစ်ယောက် အလွန်အားရကျေနပ်နေတော့သည်။
"သူ့ကိုမ လိုက်''
ဟော်ယွင်ရှန်း အမိန့်ပေးလိုက်သည်။ လူနှစ်ယောက်သည် သူတို့ထွက်သွားတော့မည့်အချိန်တွင် သူတို့ဆရာ၏အမိန့်ကိုကြားလိုက်ရသောအခါသိသိသာသာကို လန့်ဖျန့်သွားကြတော့သည်။
"သူ့ကိုထားခဲ့''
ထိုနှစ်ယောက်အံ့သြလွန်းသဖြင့်စကားပင်မပြောနိုင်တော့ပေ။
"သွားတော့ ဒရိုင်ဘာကိုပြောလိုက် ငါတို့ဟော်မိသားစုကိုမပြန်တော့ဘူး ရှန်းရှီယွီကျင်း ကို သွားမယ်''
ဟော်ယွင်ရှန်း အမိန့်ထပ်ပေးလိုက်သည်။
ထိုလူနှစ်ယောက်ထွက်သွားပြီးနောက် သူတို့ကား၏ ပိုင်းခြားထားသောအကန့်ကိုပိတ်လိုက်သည်။
ကျယ်ဝန်းသောRVကားပေါ်တွင် သူနှင့်ရွှီရှီယန်နှစ်ယောက်သာကျန်ခဲ့တော့သည်။
ဟော်ယွင်ရှန်း ထိုမိန်းကလေးဆီသွားရန် ဝှီးချဲကွန်ထရိုးကိုလှုပ်ရှားလိုက်သည်။သူမကို အချိန်အတော်ကြာဂရုတစိုက်ရပ်ကြည့်နေပြီးနောက် အမှန်ပင်သူမ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ စိတ်လှုပ်ရှားလွန်းသြဖင့် လက်တို့ပင်တုန်ရီနေပြီး သူ့နှလုံးသားကလည်း အရူးလိုခုန်ပေါက် နေတော့သည်။
အချိန်အကြာကြီး ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနေခဲ့သည့်အရာကို ကံကောင်းမှုအနည်းငယ်လေးရှိရုံဖြင့် စိတ်ကူးလိုက်သည်နှင့် ရှာတွေ့သွားေလခြင်း...ဟုတွေးနေမိသည်။
ရုတ်တရက်ထွက်ပေါ်လာသောမိန်းကလေး၏မျက်နှာကိုကြည့်ရင်း ဟော်ယွင်ရှန်း စိတ်လှုပ်ရှားနေမိသည်။
သူကလက်နှစ်ဖက်ကိုဆန့ ်၍ သူမကိုထိတွေ့ကြိုးစားလိုက်သော်လည်း ထိလိုက်လျှင် သူမပျောက်ကွယ်မည်ကိုစိုးရိမ်သောကြောင့်တွန့်ဆုတ်စွာလက်ပြန်ရုတ်လိုက်သည်။
YOU ARE READING
အဖိုးတန်လေးရဲ့ဖေဖေကြီး
RomanceName>>Priceless baby's super daddy Translator>>Flamingo(me😁) သူဆိုတာ လိုချင်တာအားလုံးကိုရနိုင်တဲ့ ဖျော်ဖြေရေးလောကရဲ့ဘုရင်တစ်ပါး။ နှစ်ပေါင်းများစွာ singleဖြစ်နေပြီး အရှုပ်အရှင်း ကင်းတဲ့သူ... တစ်နေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ မိန်းကလေးငယ်လေးတစ်ယောက် သူ...