28

1.4K 153 1
                                    

28#လှလှပပ အဆုံးသတ်သွား#

ရွှီရှီယန် သူမနှာခေါင်းကို ပွတ်လိုက်သည်။ သူမ ဘယ်လိုခံစားရမှန်းကိုမသိတော့ပေ။ သူမတို့ မိုက်မိုက်မဲမဲပြောလိုက်တဲ့နောက်ပြောင်မှုတွေက ယင်းပေါင်လေးအနာဂတ်တိုးတက်မှုနဲ့ ပညာရေးမှာ ခလုတ်ကန်သင်းဖြစ်သွားမှာကိုသူမစိုးရိမ်မိသည်။

သူမတို့ အိမ်ထဲကနေ အိမ်ဝင်ပေါက်ဆီကိုသွားလိုက်ကြသည်။ ဖန်ရှောင်းချန်သည် သူမ၏အိမ်မှုကိစ္စဝေယျာဝစ္စများ လုပ်ရင်း အလုပ်ရှုပ်သွားတော့သည်။ သူမ ရွှီရှီယန် တစ်ညလုံးဘယ်ရောက်နေလဲဆိုတာတောင် မမေးတော့...

ရွှီရှီယန် မနေနိုင်စွာဘဲ မေးရတော့သည်။

"Orange ငါမနေ့ညက ဘယ်ရောက်နေလဲဆိုတာ မစိုးရိမ်ဘူးလား''

"ဇက မသေးဘူးနော်... ငါပြောပါရစေအုံး နင်ဆိုသည်မှာလေ အမြဲတမ်းအံ့သြစရာအပြည့်ပဲ​''

ရွှီရှီယန် ဘယ်လိုတုံ့ပြန်ရမှန်းကိုမသိတော့ပေ...

"..."

"ကိုယ့်ဟာကိုပဲ ကြည့်လိုက်တော့...''

ဖန်ရှောင်းချန်က သတင်းစာကိုကိုင်ထားရင်းပြောလိုက်သည်။ ရွှီရှီယန် ယူကြည့်လိုက်သောအခါ ခေါင်းစဥ်ကြောင့် ရှော့ရသွားတော့သည်။

"အင်တာတိန်းမန့် ကုမ္ပဏီ၏ ဥက္ကဌတစ်ယောက် အပြင်းအထန်တိုက်ခိုက်ခံရ''

ထွီ...

သတင်းစာဖတ်ပြီးနောက် ရွှ​ီရှီယန်မကျေမနပ်ဖြင့် သရော်ကာ ရယ်မောပစ်လိုက်သည်။ ချူယွီဟော်ကို သူမတိုက်ခိုက်ပြီးနောက် သတင်းစာရှေ့မျက်နှာဖုံးတွင် ပါလာလိမ့်မယ်လို့မမျှော်လင့်ခဲ့မိပေ။

သူမတို့၏စကားဝိုင်းကို ယင်းပေါင်ရိပ်မိမလိုဖြစ်သွားသော်လည်း မေ့လွယ်ပျောက်လွယ်ဖြစ်သွားလို့တော်သေးသည်။ ဖန်ရှောင်းချန်က သူမကိုခေါင်းဖြီးပေးပြီး ရယ်မောကာရှင်းပြလိုက်သည်။

"အမှန်တိုင်းပြောရရင် ငါနင့်ကိုစိုးရိမ်ခဲ့ပါသေးတယ်...အဲ့ဒီ ချူကောင်စုတ်က နင့်ကိုတစ်ခုခုလုပ်လိုက်မှာကြောက်နေတာ...ငါနင့်ကိုဖုန်းခေါ်သေးတယ် ဒါပေမဲ့ခေါ်လို့မရတော့ နင့်ဖုန်းအားကုန်သွားတယ်လို့တွေးလိုက်တာ

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now