37

1.8K 166 22
                                    

37#သူ့စကားတွေက လှုပ်ရှားစေတယ်#

ချယ်ရီဘေဘီလေး အော်ခေါ်ပြီး ခဏအတွင်းမှာ ပန်းရောင်ယုန်ဝတ်စုံနှင့် လူတစ်ယောက် မြင်ကွင်းထဲပေါ်လာတော့သည်။ ထို့နောက် ပစ္စည်းရောင်းချသည့် ကြော်ညာတစ်ခုလဲ ပေါ်တာလေသည်။

'အရည်ရွှမ်းပင်ထဲက အဲလစ်' အပင်အတွက် ကြမ်းခင်းစျေးမှာ ယွမ်၂၀ ဖြစ်ပြီး တစ်ကြိမ်စီအတွက် ၅ယွမ်တိုးပေးခွင့်ပြုထားသည်။

မာမီယုန် သည် ကြည့်ရှုသူများကို လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်ပြီး ချယ်ရီဘေဘီလေးဘက်သို့လှည့်လိုက်သည်။

[ဟေး ဘေဘီလေး သမီးဘာလို့ ဒီမှာအမြဲတမ်း အရည်ရွှမ်းပင်တွေရောင်းနေတာလဲ]

ချယ်ရီဘေဘီ:[ဘာလို့ဆို ဘေဘီလေးက ငွေရှာချင်လို့ပေါ့]

မာမီယုန်:[ဒါပေမဲ့ ဘေဘီက အရမ်းငယ်သေးတယ်လေ ဘာလို့ငွေအများကြီးလိုနေရတာလဲ]

ချယ်ရီဘေဘီလေး:[ဘေဘီငွေလိုတာက မာမီ့ကိုကူညီဖို့ရယ် ဒယ်ဒီဝယ်ဖို့ရယ်ကြောင့်လေ...မာမီပဲပြောပြီးတော့ ဒယ်ဒီက အရမ်းအရမ်း စျေးကြီးတာဆို...ဒါကြောင့် ဒယ်ဒီတစ်ယောက်လောက်ဝယ်ဖို့ မီးမီးတို့ ငွေတွေအများကြီးရှာရမှာပေါ့...ဒါကြောင့် အခု မီးမီးမှာငွေတွေအများကြီးရှိလာပြီ မီးမီးတို့ကိုဘယ်တော့မှထားမသွားတဲ့ ကမ္ဘာပေါ်ကအကောင်းဆုံး ဒယ်ဒီတစ်ယောက်ကို ဝယ်ပစ်မယ်]

ချယ်ရီဘေဘီလေးသည် သူမ၏ဝက်စုဗူးလေးကိုထုတ်လာပြီး ရှင်းပြကာ စုဗူးထဲမှအကြွေစေ့လေးများကိုသွန်ချလိုက်သည်။ ထို့နောက်အကြွေစေ့လေးများကို ရေတွက်နေတော့သည်။

ချယ်ရီဘေဘီလေး အကြွေစေ့ရေတွက်နေပုံမှာ အလွန်ချစ်ဖို့ကောင်းလှသည်။ သို့သော် သူမယခုခေးတင်ပြောခဲ့သောစကားများက ပရိတ်သတ်ကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေတော့သည်။

ချယ်ရီဘေဘီလေး၏ကလေးဆန်ဆန်စကားများက ချယ်ရီဘေဘီလေးကဲ့သို့သော မိခင်တစ်ဦးထဲကပြုစုပျိုးထောင်ကာကြီးပြင်းလာရမည့် ကလေးငယ်များအားလုံးအပေါ် သနားစိတ်ပိုစေသည်။ကလေးငယ်လေး၏ရိုးစင်းသောအတွေးလေးတစ်ခုသည် ဖခင်၏ချစ်​ြခ​င်းမေတ္တာကိုရရှိရန် တောင့်တနေခြင်းသာဖြစ်သည်။

အဖိုးတန်လေးရဲ့ဖေဖေကြီးWhere stories live. Discover now